Part-21-Unicode

11.2K 1K 360
                                    



"ဝေလွှမ်းကရော ဘယ်မှာလဲ။"

"ဟိုဘက်ရွာမှာ အလှူဖိတ်လို့ သွားတယ်။"

တမူးရလို တပဲလှူ တို့ရှမ်းတောင်သူ တူနိုင်ရိုးလားဟု ဆိုရိုးစကားပင် ရှိသေးသည်လေ။ ခုလိုပွင့်လင်းစရာသီကို ရောက်လာပြီဆိုလျှင် အလှူသီချင်းသံက တောင်ရိုး တလျှောက်တွင် ညံလို့နေသည်။ ရွာရဲ့ အချစ်တော်ဆရာဝန်လေး လွှမ်းကတော့ မဖြစ်မနေ ကြွချီရသည်ပေါ့။ ထက်မာန်ဦးနှင့် သော်လွှမ်းကတော့ ကိုယ့်အကြောင်း ကိစ္စနှင့် ကိုယ်မို့ လွှမ်းက ခေါ်တာတောင် အိမ်မှာ ဖင်ကျောက်ချပြီး ကျန်ရစ်ခဲ့လေသည်။

"မင်းက ဘာလို့မသွားတာလဲ။"

စိုင်းဝေယံကလည်း ထိုအချက်ကို တန်းသဘောပေါက်ပုံရသည်။ မေးသာမေးလာပေမယ့် ငါသိတယ်ဆိုတဲ့ အကြည့်နဲ့ ထက်မာန်ဦးကို မျက်မှောင်ကြီးကုတ်ကြည့်လာသည်။

"မျက်နှာကြီးက အဲ့လိုလုပ်မနေနပါနဲ့။ ငါ့ကို ကူညီတယ်ဘဲ မှတ်စမ်းပါ။"

ထက်မာန်ဦးက ပါးစပ်ကလည်း ပြောရင်း လက်ကလည်း စိုင်းဝေယံ လက်မောင်းပေါ် ဖြောင်းခနဲ။ စိုင်းဝေယံမှာ အံကြီးကြိတ်ပြီး အောင့်သက်သက်သာ ဖြစ်နေတာ။ ဘာမှလည်း ပြန်မပြောနိုင်နှင့်။ အဲ့ငထက်ဆိုတဲ့ကောင်ကို ကြည့်လို့သာ မရတာပါ။ သူတောင်းဆိုသမျှ ဘာများ ငြင်းခဲ့ဖူးတာ ရှိလို့လဲ။

"ငါ့ကို ကူညီရင် မင်းလည်း လူပျိုကြီး ဘဝက မြန်မြန်ကျွတ်မှာ..။"

"ဖယ်စမ်းပါ။"

အနားကပ်လာပြီး ကိုယ်ပေါ် ခွတက်လာတဲ့ ထက်မာန်ဦးကို ချက်ချင်း ဖယ်ချပစ်လိုက်သည်။ ပြီးခဲ့တဲ့ တစ်ခေါက်က နဖူးကို ထိုးကျွေးလိုက်ရပြီးပြီ။ ဒီတစ်ခါတော့ ဘယ်နေရာမှ မသဒ္ဒါနိုင်ဘူး။ လာရင်းကိစ္စမြန်မြန် အပြတ်ဖြတ်ပြီး မြန်မြန် ပြန်ရမည်။

"သော်လွှမ်းကရော။"

"အေး။ အနောက်မှာ။ ခဏလေး။ လှမ်းခေါ်ပေးမယ်။ ငယ်လေးရေ။"

ထက်မာန်ဦး အိမ်ခန်းထဲရှိနေမယ့် ငယ်လေးကို လှမ်းခေါ်လိုက်ပေမယ့် ထွက်လာမယ့် အရိပ်အယောင်တောင် မပေါ်တာကြောင့် အသံကို ပိုမြှင့်လိုက်ရသည်။

နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီ-  နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီOnde histórias criam vida. Descubra agora