Part-10-Unicode

9.2K 932 136
                                    



မနက်ဆို သော်လွှမ်းထက် ဦးပြောင်ကအရင်နိုးသည်။ သော်လွှမ်းအောက်ဆင်းလာပြီဆို မနက်စာက အဆင်သင့်ပင်။ အသင့်လက်ထိုးပြီး ဝင်စားရုံအခြေအနေတွင် တစ်ခုခုကူညီပေးချင်ပေမယ့် သော်လွှမ်းကို ဘာမှမခိုင်းတာကလည်း အခက်သား။

အရင်နေ့တွေက အိမ်ရှင်းပေးပေမယ့်လည်း လုပ်စရာမလိုဘူးလို့ ပြောသွားတယ်။ မနေ့ကဆို ပြောင်လည်းမပြောင်ဘူးလို့တောင် ပြောသွားသေးတယ်။ သော်လွှမ်းလည်း ဖုန်တောထဲ နေရတာ နှစ်ရက်လောက်နဲ့ နေသားကျသွားပါပြီ။

ဆိုင်က ဝယ်ထားပုံရတဲ့ တို့ဖူးနွေးတစ်ဇွန်းခတ်ကာ ပါးစပ်ထဲထည့်ရင်း သော်လွှမ်း Facebook ထိုင်ပွတ်နေမိသည်။ Newfeeds ပေါ်တက်လာတဲ့ Posts တွေကို ဟိုကြည့်ဒီကြည့်လုပ်နေတုန်း ပုံတွေက မပေါ်တော့။ ကြည့်လိုက်တော့ ဖုန်းငွေလက်ကျန်က နည်းနေပါပြီတဲ့။

"ဟင်း။"

သော်လွှမ်း သက်ပြင်းတစ်ချက်ချရင်း ဖုန်းကိုဘေးနားချလိုက်စဉ်မှာဘဲ ဖုန်းတစ်ကောလ်က ဝင်လာလေသည်။ ကြည့်လိုက်တော့ ကိုနေမင်းပိုင်ဆီက။ ချက်ချင်းဘဲ သော်လွှမ်း ဖုန်းကိုပြန်ကောက်ယူပြီး ထိုဖုန်းနံပါတ်ကို BlackList ထဲထည့်ချပစ်လိုက်သည်။

မာမီတို့ဘဲ ဖုန်းခေါ်ခိုင်းတာဘဲ နေမှာပေါ့။ အိမ်ပေါ်ကဆင်းခိုင်းတုန်းက ဆင်းခိုင်းပြီး ခုသေတောင် လာပြန်မခေါ်နဲ့။

အားကိုးရှိနေတယ်လို့ဘဲဆိုဆို ဦးပြောင်က နှင်မချသရွေ့တော့ အိမ်ပေါ်ပြန်တက်ဖို့ အစီအစဉ် နည်းနည်းမှကို မရှိဘူး။

"ဖျပ်...ဖျပ်..။"

နောက်က ခြေသံဖွဖွနှင့်အတူ ပုဆိုးအဖျားခတ်သံ ထွက်လာတာကြောင့် သော်လွှမ်းဖုန်းကို ပြန်ချထားလိုက်ရင်း နောက်လှည့်ကြည့်လိုက်သည်။ နံ့သာရောင် ရှပ်အကျႌလက်ရှည်ကို လက်ခေါက်တင်ရင်း မီးဖိုချောင်ထဲ ဝင်လာတဲ့ထိုလူ။ အသားဖြူလို့လားမသိဘူး။ ဘာအရောင် ဝတ်ဝတ်လိုက်သားဘဲ။

စိတ်ထဲက မှတ်ချက်ပြုလိုက်လေရင်း ခပ်ငေးငေးရှိနေတုန်း သော်လွှမ်းဘက်ကို ဖျတ်ခနဲလှည့်ကြည့်လာလေရာ မျက်နှာကို ဆတ်ခနဲလွှဲချလိုက်သည်။ အချိန်ကိုက်ဘဲ။ နှစ်ရက်အတွင်း ဘယ်လိုငမ်းရမလဲဆိုတာတော့ အတော်ကြီးတိုးတက်လာတယ်။

နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီ-  နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီOù les histoires vivent. Découvrez maintenant