Part-28-Unicode

9K 916 105
                                    


သော့တံကို သော့အိမ်မှ ဆွဲထုတ်လိုက်လေရာ မြည်သံဟာ ဂျောက်ခနဲ။ တံခါးဂျက်နှင့် တွဲလျှက်ရှိနေတဲ့ သော့အိမ်လေးကို ခပ်ငေးငေးကြည့်မိသည်။ ဒီပိတ်လျှက်ထားတဲ့ ပျဉ်တံခါးအိုလေးကို ကိုယ့်လက်နဲ့ကိုယ် ဘယ်အချိန်များမှ ပြန်ဖွင့်နိုင်ပါ့မလဲ။ ဒီအိမ်အိုလေးဆီပြန်လာဖို့ ဘယ်လောက်များ ထပ်ပြီး ကြာမြင့်နိုင်မလဲ။

"ကိုလေး။"

ငယ်လေးရဲ့အသံကြားလိုက်မှ အတွေးတို့က ပြတ်တောက်သွားရသည်။ ငယ်လေးက သွားရအောင်ဆိုတဲ့ အကျႌလက်ဖျားကို ဆွဲလာတဲ့နောက် အပြုံးတစ်ခုနှင့် အတူ ခပ်သွက်သွက် ခေါင်းညိမ့်ပြလိုက်သည်။ တစ်စုံတရာကို စွန့်ခွာရတဲ့ အချိန်တွေရဲ့ ခြေလှမ်းတွေသည် ဒီလောက်ထိ လေးလံ လိမ့်မည်ဟု ဝေလွှမ်း တခါမှ မတွေးခဲ့ဖူးတာအမှန်။ အိမ်အိုလေးကို ကျောခိုင်းလာခဲ့သည့် ခြေလှမ်းတွေသည် ခဲနှင့်ဆွဲထားသည့်နှယ်။ ဒီခြံ ဒီမြေကြီးဟာ ဝေလွှမ်းကို ဆွဲနှစ်မလိုပင် ခံစားနေရသည်။ ခြံထဲက ဂန္ဓမာပန်းဖြူတို့သည်လည်း အစွမ်းကုန်ပွင့်လန်းလျှက် လေယူရာယိမ်းနွဲ့နေသည်က ဝေလွှမ်းကို နူတ်ဆက်လေသည့်နှယ်။

အရှေ့တည့်တည့်မှာတော့ မာမီဟာ နွမ်းဖျော့စွာ ရပ်လို့နေသည်။ မာမီ့ရဲ့ အသက်အရွယ်အရ ခရီးပန်းတဲ့ ဒဏ်ကို မခံနိုင်လောက်တဲ့အတွက် ဒရိုင်ဘာကိုဘဲ လွှတ်ရင် လွှတ်လိုက်ပါလို့ ပြောတာတောင် မာမီက ဒီခြံရှေ့ထိ ရောက်လာရပြန်သည်။

"လာပါဦး။ ငယ်လေး။ မာမီ့ဆီ လာပါဦး။"

မာမီသည် ဝေလွှမ်းနောက်က ကပ်လိုက်လာတဲ့ ငယ်လေးကို မြင်သည်နှင့် ဦးစွာ လက်လှမ်းသည်။ ငယ်လေးက မာမီ့ကို ခပ်စိမ်းစိမ်းနှင့် စိုက်ကြည့်နေလေသည်။ တစ်ခါမှ မမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်လို ငေးကြည့်နေတဲ့ ငယ်လေးရဲ့ မျက်ဝန်းတွေက တဖြည်းဖြည်း စိုလဲ့လာတာကတော့ အံ့သြဖွယ်ကောင်းလှသည်။

"မာမီ့ဆီသွားလေ။ ငယ်လေး။"

ဝေလွှမ်း နည်းနည်း ပြောလိုက်မှ ငယ်လေးရဲ့ ကိုယ်လေးက ဆတ်ခနဲ တစ်ချက်တုန်ပြီး သတိဝင်သွားဟန်ရှိသည်။ ထို့နောက် ငယ်လေးရဲ့ ခြေလှမ်းတွေဟာ တရွေ့ရွေ့နှင့်ပင် မာမီ့ရင်ခွင်ထဲ တိုးဝင်သွားရသည်။

နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီ-  နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီWhere stories live. Discover now