Part-14-Unicode

8.9K 1K 250
                                    



"မင်းက..။"

ရုတ်တရက်ကြီးဆုံလိုက်ရတာမို့ သော်လွှမ်း ဘာပြန်ပြောရမှန်း မသိဘဲ ကြောင်ပြီး ငေးကြည့်နေမိသည်။

"အာ။"

အတန်ကြာ စေ့စေ့စပ်စပ်ကြည့်ပြီးမှ မှတ်မိသွားပုံရသည်။ သော်လွှမ်းကို မှတ်မိသွားသည်နှင့် မီးပွားတွေ သူ့မျက်လုံးဆီက လွင့်စင်ထွက်လာတဲ့အလား။ သူ့ယောကျင်္ားကို သူ့ရှေ့တင် ရက်ရက်စက်စက် ထိုးပစ်ခဲ့တဲ့ သော်လွှမ်း အနာဂတ်က မတွေးဝံ့စရာ။ ဒီလို ကျပ်တည်းနေတဲ့ အခြေအနေကြီးတွင် ကယ်တင်ရှင်က ပေါ်လာတော့သည်။

"မာန်။"

ကိုလေးအသံကြားလိုက်တာနဲ့ ယောက်ဖကြီးရဲ့ အာရုံစိုက်မူသည် သူ့ထံမှ ကိုလေးဆီ လုံးဝဥသုံ ရောက်သွားတော့သည်။ ခြံဝမှာ မတ်တပ်ကလေး ရပ်နေတဲ့ ကိုလေးကို မြင်တာနှင့် လှည့်ပြန်ဆင်းပြေးလေတော့သည်။

"လွှမ်း!"

ကိုယ်ပေါ်ကို ခွေးလေးတစ်ကောင်လို ခုန်တက်လာတဲ့ မာန့်ကို ဝေလွှမ်းမှာ လက်နှစ်ဖက်နှင့် ဖမ်းပြီး ပွေ့ပိုက်ထားလိုက်ရသည်။ အရင်ကထက်တောင် ပိုအလေးချိန်စီးလာတာမို့ ဘေးကိုတောင် ယိုင်ကျသွားမလို။ မာန်က ရန်ကုန်မှာ ဘယ်လောက်တောင် စားထားသောက်ထားခဲ့လဲ မသိ။ ပြည့်ဖြိုးပြီး လုံးတစ်နေတာဘဲ။

"ပြန်လာမယ်ဆိုတာ ငါ့ကိုတောင်ကြိုမပြောဘူး...။"

"ငါမင်းကို အများကြီး သတိရနေတာ။"

ဝေလွှမ်းရဲ့ပုခုံးပေါ်ပါးလေးအပ်ထားပြီး ခပ်တိုးတိုးလေး ပြောလာတဲ့ မာန်။ သာယာနာပြောဖွယ်အသံလေးသည် နားထဲသို့ ညင်သာစွာ စီးဝင်သွားရသည်။

သြော်။ တတ်လည်းတတ်နိုင်ပါပေတယ်။ ဝေလွှမ်းမှာ ကြိုမပြောလို့ ရန်ရှာမယ် ဟန်ပြင်တာလေးပင် ထိုစကားလေးကြောင့် ပြန်ရုတ်သိမ်းလိုက်ရသည်။

"ခြံရှေ့ကြီးမှာ။ အိမ်ထဲလည်းဝင်ကြဦး။ ပြီးတော့ ဟိုမှာ ကြည့်နေတယ်။ "

စိုင်းဝေယံစကားကြောင့် ဝေလွှမ်းရော ထက်မာန်ဦးရော အသိဝင်လာကြသည်။ ပတ်ဝန်းကျင်ကိုတောင် မေ့လျော့ပြီး နှစ်ယောက်တကမ္ဘာဖြစ်နေရာမှ ချက်ချင်း ဖယ်ခွာလိုက်သည်။ နှစ်ယောက်သား လှမ်းကြည့်လိုက်ကြတော့ အိမ်ပေါက်ဝမှာ မတ်တပ်ရပ်လျှက် မျက်လုံးပြူးပြူးလေးနှင့် လှမ်းကြည့်နေတဲ့ သော်လွှမ်း။

နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီ-  နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီHikayelerin yaşadığı yer. Şimdi keşfedin