"မင်းဘာလာလုပ်.."စိုင်းဝေယံရဲ့ မေးခွန်းမဆုံးသေးခင်မှာဘဲ သော်လွှမ်း လက်ထဲက အမည်းရောင်အိတ်ကြီးဆီကို စိုင်းဝေယံအကြည့်က ရောက်သွားလေသည်။
"ရား။ ခင်ဗျား ဘာလို့ တံခါးပိတ်ပစ်လိုက်တာလဲ။"
ဂျိမ်းခနဲ တံခါးဆောင့်ပိတ်လိုက်သံနှင့် မရှေးမနှောင်းမှာပင် တံခါးကို တဒုံးဒုံးဆောင့်ထုသံကလည်း ထွက်ပေါ်လာတော့သည်။
"ဖွင့်ပေးလို့ ပြောနေတယ်လေ!"
တံခါးကိုထုရိုက်သံတွေကြား သော်လွှမ်းအသံက ကြားညပ်ပါလာလေဆဲ။ ဖွင့်ပေးရအောင် စိုင်းဝေယံက ငတုံးလား။ ဘေးမှာ အဝတ်ထုတ်ကြီး ပါလာတာမြင်တာနဲ့ အခြေအနေ မကောင်းမှန်းသိနေတာကိုး။
တဒုုံးဒုံးထုရိုက်သံတွေကို နောက်မှာ ချန်ထားခဲ့လျှက်နှင့် စိုင်းဝေယံ အိမ်ထဲကိုသာ ဝင်လာလိုက်လေသည်။ လက်ညောင်းရင် ရပ်သွားလိမ့်မယ်။ ကြာလာရင် အိမ်ရှေ့ကနေ သူ့ဟာသူ ထွက်သွားလိမ့်မယ်။တအောင့်လောက်နေတော စိုင်းဝေယံ တအောင့်လောက်နေတော့ တံခါးခေါက်သံက ပျောက်သွားလေပြီ။ ကြည့်ရတာ ထွက်သွားပြီထင်ပါရဲ့။ ထိုအခါမှ အသက်ဝဝရှုနိုင်တော့သည်။ တကယ်တော့ ဖွင့်ကိုမကြည့်လိုက်သင့်တာပါ။ အသိမပေး ဘာမပေးဘဲ သူများခြံထဲ ဇွတ်တရွတ် ဝင်လာတတ်တာ အဲ့အရှုပ်ထုပ်ဘဲရှိတာကို။
တံခါးခေါက်သံ ပျောက်သွားတဲ့နောက် မနက်စာစားပြီး အဘွားကိုတော့ တီဗွီကရုပ်သံလိုင်းတစ်လိုင်းဖွင့်ပေးထားလိုက်ကာ အိမ်ထဲလုပ်စရာရှိတာတွေ ပတ်လုပ်နေလိုက်သည်။ အေးအေးဆေးဆေး ရေချိုး၊ အဝတ်အစားလဲပြီး အပြင်ထွက်ဖို့ ပြင်ချိန်မှာတော့ မနက်ရှစ်နာရီ ထိုးခါနီးနေလေပြီ။ ဖုန်းနှင့်ပိုက်ဆံအိတ်ကို ကောက်ကိုင်ပြီး အလုပ်သွားမယ်ကြံကာမှ အပေါ်ထပ်ဘုရားစင်ကို မီးသွားမပိတ်ရသေးသည်ကို ပြေးသတိရတော့သည်။ ငါ့နှယ် နောက်ပိုင်း မေ့တတ်ရန်ရော။
စိုင်းဝေယံ အပေါ်ထပ်ကိုတက်ပြီး ဘုရားမီးကိုတက်ပိတ်ရသည်။ တလက်စတည်း မနေ့ညက ဘုရားကိုပူဇော်ခဲ့တဲ့ အမွှေးတိုင်အကြွင်းအကျန်ကိုပါ ပစ်ပြီး ဘုရားသောက်တော်ရေ လဲဖို့ ပြင်သည်။ ဘုရားသောက်တော်ရေဟောင်းကို အမြဲလိုလို ဝရံတာကနေဘဲ သွန်ပစ်ချလေ့ရှိရာ ဝရံတာကိုဘဲ စိုင်းဝေယံ ထွက်လာခဲ့လေသည်။
YOU ARE READING
RomanceAFFECTION-နှောင်ကြိုး (Sequel)