Part-11-Unicode

7.8K 851 86
                                    



"ဒီမှာဆင်းရမှာလား။"

ဦးပြောင်ရဲ့ ကားလေးက တနေရာမှာ ထိုးရပ်သွားသည်နှင့် သော်လွှမ်း လှမ်းမေးလိုက်သည်။ သော်လွှမ်းမေးတဲ့ သူက ဦးပြောင်ဆိုပေမယ့် ပြန်ဖြေတဲ့သူက ကိုသိက္ခာဝင်း။

"အင်း။ ဒီကနေ လှေနဲ့ဆက်သွားရမှာ။"

သူ့ကိုမေးတာလည်း မဟုတ်ပါဘဲနဲ့။ တောင်ကြီးက ထွက်လာကတည်းက သော်လွှမ်းက အနောက်မှာ ထိုင်ရပြီး ကိုသိက္ခာဝင်းက ဦးပြောင််ဘေးက Lover Seat မှာထိုင်ရလို့ သိပ်ကျေနပ်တာမဟုတ်ပါ။ ဒါပေမယ့်လည်း ဦးပြောင်သဘောဆိုတော့ ဘာမှ မပြောရဲ။ တော်ကြာ မိုးလုံလေလုံကနေ အမိုးဖွင့်ကားနောက်ခန်းကို ရောက်သွားကာမှ တလောကလို ခဲတောင့်ပြီး ဖင်ကိုပါ ဆေးထိုးခံနေရမယ်။

"သိက္ခာ။ မင်းအရင်ဆင်းပြီး အဲ့အောက်က ခလုတ်လေးကိုဖိပေးလိုက်။ အဲ့တာမှ သူထွက်လို့ရမှာ။"

"အေး။အေး။"

ဦးပြောင်က ကားကိုစက်သတ်ရင်း လှမ်းပြောတော့ ကိုသိက္ခာဝင်းလည်း ကားပေါ်ကနေ ဆင်းသွားလေသည်။ ပြီးတော့ ကားထိုင်ခုံအောက်ဘက်က ခလုတ်လေးကို ဖိပေးလိုက်တော့မှ သော်လွှမ်းလည်း စူပုတ်ပုတ်နှင့် ကားပေါ်ကဆင်းလာလေသည်။ ကားအပြင်ကို ရောက်သည်နှင့် ပတ်ဝန်းကျင်အသစ်တစ်ခု အောက်မှာ သော်လွှမ်း ခဏတာမျှ ငေးငိုင်သွားမိသည်။

မြူခပ်ပါးပါးက ကန်ရေပြင်ထက် ရစ်သိုင်းလွှမ်းခြုံလျှက်။ ကန်စပ်မှာ ဆိုက်ကပ်ထားတဲ့ လှေကလေး နှစ်စင်းခန့်ကို မြူငွေ့တွေကြားထဲက မသဲမကွဲလှမ်းမြင်ရသည်။ သော်လွှမ်းတို့ ရောက်လာချိန်သည် မနက်စောစောမို့လားတော့မသိ။ ဘေးပတ်ဝန်းကျင်တွင် လူသူလေးပါးလည်း မမြင်ရ။

"ငါလှေသွားငှားလိုက်ဦးမယ်။ ဒီမှာခဏစောင့်နေဦး။"

ဦးပြောင်အသံကြားလိုက်ရာကို နောက်လှည့်ကြည့်လိုက်စဉ်မှာဘဲ ခပ်လှမ်းလှမ်းကို ထွက်သွားတဲ့ ကျောပြင်ကိုသာ မြင်လိုက်ရလေသည်။ ဒီနေ့ အပေါ်က မီးခိုးရောင် အနွေးထည်နှင့် အောက်က အားကစားဘောင်းဘီခပ်ပွပွကို ဝတ်ထားလေရာ ဦးပြောင်ပုံစံက အရင်နေ့တွေကထက် လူငယ်ဆန်နေလေသည်။

နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီ-  နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီWhere stories live. Discover now