Extra-1
"ငါ LDRS ဘဝကြီးကို စောက်ရမ်းစိတ်ကုန်နေပြီ။"
"အာ။ဟာ။"
"မင်းစဉ်းစားကြည့်။ တစ်ဖက်က စိတ်ဆိုးရင်လည်း ပြေးချော့လို့မရ။ ဖုန်းကလေးတစ်ချက်မရလိုက်တာနဲ့ ဟိုဘက်မှာ သေလားလည်းမသိ၊ ရှင်လားလည်းမသိ။ပြီးတော့။"
"ခုလိုအခြေအနေဆို ပြေးတွေ့ချင်တောင်တွေ့လို့မရဘူးမဟုတ်လား။"
မိုးဝေရဲ့စကားကိုထောက်ခံတဲ့အနေနဲ့ ထက်မာန်ဦး သက်ပြင်းအရှည်ကြီး ရှိုက်ချလိုက်မိသည်။ အလုပ်ရှိတော့လည်း အလုပ်မအားလို့ဆိုပြီး လွှမ်းနဲ့ မတွေ့နိုင်၊ အလုပ်မရှိအကိုင်မရှိ အားယားနေတဲ့အချိန်ကျပြန်တော့လည်း ရန်ကုန်မြို့ကြီးကို အဘက်ဘက်က ၀ိုင်းပြီး ချိတ်ပိတ်ထားကြသည်။ လွှမ်းနဲ့ဝေးရတာနဲ့တင် ထက်မာန်ဦးမှာ လှောင်အိမ်ထဲ ခြေချုပ်မိနေတဲ့ မျောက်အိုလို့ မိူင်တွေနေရတဲ့ဘဝ။
"အဲ့ကိုဗစ်ဆိုတဲ့ကောင်ကလည်း ဘယ်တော့မှပျောက်မလဲမသိဘူး။ဒင်းမွှေတာ ငါးပါးကိုမှောက်ရောဘဲ။"
နောက်ဆုံး အရာအားလုံးရဲ့ လက်သည်တရားခံဆီ ရှိသမျှဒေါသတွေ ပုံချသည်။
"ဒီလောက်ထိန်းနိုင်နေတာဘဲကျေးဇူးတင်။ တခြားနိုင်ငံတွေမှာ Second Wave တွေတောင်ပြန်စနေလို့ ငါဆို သင်္ဘောပြန်တက်ဖို့တောင် ဘုံပျောက်နေတာ။"
"ဘုံပျောက်ပေမဲ့ခိုလူံစရာရင်ခွင်ကတော့မပျောက်ဘူးမဟုတ်လား။"
ထက်မာန်ဦးစကားကို မိုးဝေက သဘောအကျကြီးကျပြီး တဟားဟားနှင့်အော်ရယ်သည်။ ရန်ကုန်ပြန်ရောက်နေတော့ သူ့ရဲ့တိုက်ခန်းဆီ သူ့ကောင်လေးကိုခေါ်ထားမှာပေါ့။ ပြေးကြည့်တာထက် တွေးကြည့်တာကမှ ပိုမြန်နေမည်။ တွေးနေတုန်းရှိသေး။ သူ့ကောင်လေးလားမသိ။ ကောင်လေးတစ်ယောက်ရဲ့အသံကို ကြားလိုက်ရလေသည်။
"အာ။ညီ။ ခဏ။ခဏလေး။ကိုယ်ဒီမှာငထက်နဲ့ဖုန်းပြောနေလို့။"
"ဒါဘဲ။ ငထက်။ ဖုန်းချပြီနော်။ အဲ့ခိုလူံစရာရင်ခွင်လေးက အခုနိုးလာလို့အစာကျွေးဖို့ပြင်လိုက်ဦးမယ်။ ဒါဘဲ။ဒါဘဲ။"
YOU ARE READING
RomanceAFFECTION-နှောင်ကြိုး (Sequel)