Part-26-Unicode

8.6K 923 125
                                    


"လိုက်ပို့ပေးရဦးမလား။"

လိမ္မော်ခြံမှ စိုင်းဝေယံတိိုု့ ပြန်ရဖို့အရေး ထော်လာဂျီ စီစဉ်ပေးနေသော အဒေါ်ကြီးသည် စိုင်းဝေယံကို လှမ်းမေးနေသေးသည်။

"မလိုဘူး။ ရတယ်။ ရတယ်။"

စိုင်းဝေယံ ကပြာကယာ ငြင်းလိုက်သည်နှင့်အပြိုင် မျက်နှာကြီးလည်း ချက်ချင်းလိုပင် ရဲတက်လာလေသည်။ အမြဲလို တွေ့နေမြင်နေရတဲ့ ဒီလူတွေရှေ့မှာမှ မနက်ကကိစ္စက ဖြစ်သွားရတယ်လို့။ စိုင်းဝေယံ မျက်နှာကို လွှဲလိုက်ရင်း ထော်လာဂျီဆီသို့သာ ခြေလှမ်း ကျဲကျဲကြီးတွေနှင့် ထွက်သွားလိုက်မိသည်။

"သေချာပြန်ဦးနော်။ ကောင်လေး။"

ဦးပြောင်နောက်လိုက်ဖို့ ပြင်နေတဲ့ သော်လွှမ်းကို ထိုသဘောကောင်းပုံ ရတဲ့ ထိုအဒေါ်ကြီးက လှမ်းပြီးမှာနေသေးသည်။ သော်လွှမ်း ရယ်ကြဲကြဲနှင့် ခေါင်းသာ ညိမ့်ပြလိုက်ပြီး ရှေ့ကနေ ထွက်သွားတဲ့ ဦးပြောင်နောက်ကို အပြေးလိုက်ရသည်။

"ခင်ဗျားကလည်း။ သူများတကာက နူတ်ဆက်နေတာကို ဘာလို့ ပစ်ပစ်ခါခါ ကြီးလဲ။"

နောက်နားဆီက ကပ်လိုက်လာတဲ့ သော်လွှမ်းဟာ အသံစာစာလေးနှင့် စိုင်းဝေယံကို လှမ်းမေးသည်။ ပစ်ပစ်ခါခါ လုပ်တာမဟုတ်ဘူး။ အဲ့မျက်နှာတွေကို မျက်နှာချင်းမဆိုင်ရဲဖြစ်နေတာ။ သုညမှတ်ထိတိုင် ထိုးဆင်းနေတဲ့ အပူချိန်မှာ တစ်ယောက်နဲ့ တစ်ယောက်ဖက်အိပ်မိတာ ပုံမှန်ဘဲဆိုလျှင်တောင် လိမ္မော်ခြံကလူတွေ ဂိုဒေါင်ထဲ ရောက်တဲ့အထိ အဲ့အနေအထားအတိုင်းကြီး မြင်သွားတာကတော့။ နောက်နေ့တွေမှာလည်း အဲ့ခြံထဲကလူတွေကို မျက်နှာချင်းဆိုင်ဖို့ကို စိုင်းဝေယံ အတော်လေး ကြိုးစားရတော့မည်။

မျက်နှာကို တခြားတစ်ဖက်သို့ လွှဲလိုလွှဲ၊ တစ်ယောက်တည်း သက်ပြင်းတွေ ကြိတ်ချလိုချနှင့် ဆောက်တည်ရာမရဖြစ်နေတဲ့ ဦးပြောင်ကို ကြည့်ရင်း သော်လွှမ်းကြိတ်ရယ်လိုက်မိသည်။

"တစ်ခုလောက်ထပ်မေးချင်လို့။"

"ဘာလဲ။"

"ကျွန်တော့်ကိုတစ်ညလုံးဖက်ထားတာကရော ကိုလေးကြောင့်ဘဲလားဟင်။"

နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီ-  နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီWhere stories live. Discover now