Extra-2 (Unicode)

8.7K 713 100
                                    



"မာန်။အဲ့မှာလက်သန့်ဆေးရည်ရှိတယ်။"

အိမ်ထဲမဝင်ခင်ဖိနပ်ဘယ်မှာချွတ်ရမလဲဆိုတာထက် လက်သန့်ဆေးရည် ဘယ်နားရှိလဲဆိုတာကို အရင်ညွှန်ရတဲ့ခေတ်ရောက်သွားပြီ။ Qurantined ဝင်နေတဲ့ဟိုတယ်ကနေ တခြားဟိုတယ်ပြောင်းဖို့လုပ်နေတဲ့ မာန့်ကိုတကူးတကသွားခေါ်လာရသည်။ ဟိုတစ်ခါမာမီလုပ်ပုံနဲ့ အဲ့ကတည်းကလွှမ်းရောင်ထည်ဝါစံအိမ်ကြီးကို မာန်စိတ်နာသွားတာမှ နောက်လာဖြစ်ရင်တောင် ခဏတဖြုတ်မျက်နှာလာပြတာလောက်ဘဲ ရှိတော့သည်။ ဒီတစ်ကြိမ်တော့ မာမီကိုယ်တိုင်ကမာန့်ကို ညစာလေးဖွယ်ဖွယ်ရာရာချက်ကျွေးချင်တယ်လို့ ဝေလွှမ်းကိုပြောလာတာနဲ့ ဝေလွှမ်းကိုယ်တိုင် ချော့မော့ခေါ်လာရသည်။ ပြီးတော့ တစ်ညကလေးဘဲအိပ်ရမှာလေ။ မနက်ဖြန် မာန်နဲ့ ပြင်ဦးလွင်တက်မှာဘဲဟာ။

"ဦးဦး။ ဦးဦး။"

တောက်တောက် တောက်တောက် နဲ့ ပြေးလာတဲ့ တူလေးကို မြင်လိုက်တာနဲ့ ဝေလွှမ်းမျက်နှာမယ် အပြုံးတွေဝေဆာသွားရသည်။ လွှမ်းလေးကိုကောက်ပွေ့ချီလိုက်တဲ့ ဝေလွှမ်းကို လက်ဆေးနေရာကနေ စွေကြည့်,ကြည့်လာတဲ့ မာန့်ကိုမျက်ဝန်းထောင့်မှလှမ်းမြင်လိုက်ရသေးသည်။ မာန်တစ်ယောက်ကတော့စတင်ပြီး ဂျေဝင်ဖို့ ပြင်နေပါပြီ။

"အမယ်။ ဒင်းကပြေးပြီး လွှမ်းအပေါ်ကိုတောင် ခုန်တက် တတ်နေပြီ။"

လွှမ်းလေးက ဝေလွှမ်းရင်ခွင်ထဲကနေ မျက်လုံးပြူးပြူးနှင့် မာန့်ကိုလှည့်ကြည့်သည်။ သူ့ခမျာ ကြည့်သာကြည့်နေတာ။ ဘယ်မှတ်မိပါ့မလဲ။ မာန်နဲ့နောက်ဆုံးတွေ့တုန်းက သူလေးဘက်ထောက်တတ်ခါစလေးဘဲ ရှိသေးတာ။

"ရုပ်ကနော်။ လွှမ်းငယ်ငယ်က အခွက်ကိုချွတ်ပြီး စွပ်ထားသလိုဘဲ။ ကြီးလာလေ ပိုတူလေ။ဒါပေမဲ့ နည်းနည်းမှကို ချစ်ဖို့မကောင်းဘူး။"

မာန်ကတော့ စလာတာနဲ့ ကလေးကိုရန်စပြီ။ ဝေလွှမ်းမှာ ကလေးတစ်ကောင်ပိုက်ပြီး ပြေးပေါက်ကိုကြိုရှာနေရပြီဖြစ်သည်။ မာန်လက်ဆေးပြီးလို့ အနားကပ်လာတဲ့အထိ ကလေးက မာန့်ကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကြောင်ကြည့်နေတုန်း။

နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီ-  နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီWhere stories live. Discover now