"ဘာ။ ငယ်လေးနဲ့ စိုင်းဝေယံက တွဲနေတာ မဟုတ်ဘူး။"ဝေလွှမ်းကသာ အံ့သြသွားရလေတာ။ မာန်ကတော့ ပန်းကန်ထဲက တို့ဖူးကြော် တစ်ဖက်ကိုတောင် ကောက်ယူစားလိုက်သေးသည်။
"အာ။ ပေါ့နေတယ်။ လွှမ်း။ မင်းဆားထည့်ဖို့ မေ့သွားတာလား။"
မာန့်လေသံအရ ဝေလွှမ်းရဲ့ အကြော်အလှော်စွမ်းရည်ကို ပယ်ပယ်နယ်နယ် ဝေဖန်တော့မည်ဆိုတာကို သိသည်။ ဝေလွှမ်း သူ့ရှေ့က ပန်းကန်ကို ကောက်မလိုက်ရင်း တစ်ဖက်ခုံပေါ်သို့ ရွှေ့လိုက်သည်။
"မကြိုက်ရင် ဆက်မစားနဲ့တော့။ ခုနက မင်းပြောတာက..။"
မာန့်မျက်လုံးတွေက ရွှေ့လိုက်တဲ့ ပန်းကန်ဆီမှာသာ ရစ်ဝဲလျှက်။ ဝေလွှမ်းက စကားထောက်ပေးလိုက်မှသာ ရှေ့ဆက်ပြောလာသည်။
"သြော်..။ အဲ့တာလား။ ငယ်လေးက တစ်ဖက်သတ်ကြိုက်နေတာလို့။"
ငယ်လေးက စိုင်းဝေယံကို တစ်ဖက်သတ်ကြိုက်နေတာ။ မာန်ကတော့ ဘာမှမဟုတ်သလို ပေါ့ပေါ့ပါးပါးလေး ပြောလိုက်တာ။ ဝေလွှမ်းကတော့ ရင်ထဲအောင့်တက်သွားတာဘဲ။ အဲ့တာကြောင့်လည်း တလောက စိုင်းဝေယံက ဖုန်းဆက်ပြီး ဝေလွှမ်းကို တိုင်သွားတာကို။ အဲ့တုန်းက စိတ်ဆိုးနေတာနဲ့ဘဲ ဘာကိုမှ ရေရေရာရာမတွေးနိုင်ခဲ့။
"ငစိုင်းအကြောင်း ငါအသိဆုံးပါ။ ဘာမှမဖြစ်ပါဘူး။ ငယ်လေးလည်း ဒီမှာနေရတာ ပျင်းနေမှာ ။ စိတ်ပြေလက်ပျောက် သွားလည်ပါစေ။ စိတ်ပူမနေနဲ့။"
မာန့်ရဲ့ နှစ်သိမ့်စကားတွေဟာ ညီတစ်ယောက်နှင့် ပတ်သက်ပြီး အစ်ကိုတစ်ယောက်ရဲ့ ပူပန််မူကို အတန်ငယ် လျော့ပါးသွားစေပေမယ့် လုံးလုံးလျားလျား ပျောက်ကွယ်သွား စေတာမျိုးတော့ မဟုတ်ပေ။ ငယ်လေးကလည်း တခြားယောကျင်္ား တစ်ယောက်အပေါ်မှာ တိမ်းညွတ်တယ်တဲ့လား။ အဲ့လိုဆိုလျှင်တောင် ငယ်လေးက ဘာလို့ လူတွေ အများကြီးထဲမှာမှ စိုင်းဝေယံ တဲ့လဲ။ ငယ်လေးနှင့် ပတ်သက်လာလျှင် များများတွေးလေ များများပူလောင်လေပင်။
"လွှမ်း..။လွှမ်း..။"
"ဟမ်။"
မာန့်က နှစ်ခါ သုံးခါလောက် အနားကပ် အော်တော့မှ ဝေလွှမ်း လန့်ပြီး အတွေးလွန်နေရာမှ သတိဝင်လာတော့သည်။
KAMU SEDANG MEMBACA
RomansaAFFECTION-နှောင်ကြိုး (Sequel)