"နှစ်ယောက်က ဘာဖြစ်နေကြတာလဲ။"သော်လွှမ်း မေးပြန်တော့လည်း မဖြေကြ။ ထမင်းစားပွဲမှာ ငူငူကြီးထိုင်နေကြသည်။ ဒီနေ့တနေ့လုံး ကြည့်ရသလောက် နှစ်ယောက်က စကားပြောတာလည်း သော်လွှမ်းမတွေ့ရသလို မျက်နှာတွေကလည်း မကောင်းကြ။ သူတို့မျက်နှာတွေကို ကြည့်ပြီး သော်လွှမ်းမှာ ကြက်သားနဲ့ ရှမ်းပဲပုတ်အာလူးချက်လေးနဲ့ ဟင်းကောင်းနေတာကိုပင် မြိုမကျနိုင်တော့။
"မစားတော့ဘူးဆို ကျွန်တော် ဟင်းပန်းကန်တွေတော့ တခါတည်း သိမ်းသွားလိုက်မယ်နော်။"
သော်လွှမ်း ထမင်းကို မြန်မြန်လတ်စသတ်လိုက်ရင်း ထမင်းဝိုင်းထဲကနေ ထလိုက်သည်။ ကိုလေးက နဂိုကတည်းက စကားနည်းတယ်ဆိုလည်း ပုံမှန် ထမင်းလက်ဆုံစားရင် ရေပက်မဝင်အောင် စကားများတတ်တဲ့ ယောက်ဖကြီးက အစ ငြိမ်နေတယ်ဆိုတော့ တကယ်ဘဲ နှစ်ယောက်သား ပြသနာ တစ်ခုခု တက်ထားတယ်ထင်ပါရဲ့။
"ထားလိုက်ပါ။ ငါ့ကိစ္စလည်း မဟုတ်ပါဘူး။ ရန်ဖြစ်လည်း အချိန်တန် ပြန်တည့်မှာပေါ့။"
သော်လွှမ်း ဖြည်သိမ့်တွေးလိုက်ပေမယ့် အိမ်ကြီးရှင် နှစ်ယောက်က မျက်နှာထားကြီးတွေ အပြန်အလှန် မာန်တင်းနေကြတော့ သော်လွှမ်း ကြားထဲက နေရခက်ပြန်သည်။ ထားလိုက်ပါ။ ကိုယ့်အလုပ်တော့ ကိုယ်လုပ်ပေးရမှာဘဲ။
စားထားတဲ့ထမင်းပန်းကန်ကို ရေအပြည့် ထည့်ထားတဲ့ ပလတ်စတစ် ဇလုံကြီးထဲ ထည့်လိုက်သည်။ ဟင်းတွေကိုတော့ ခွက်ကလေးထဲ သပ်သပ်ကလေး လှယ်ထည့်ပြီး ကြောင်အိမ်ထဲ သေချာထည့်သိမ်းလိုက်သည်။
"ကိုလေးတို့။ စားပြီးပြီဆို ပန်းကန်တွေ ဒီမှာလာထားဦး။"
သော်လွှမ်း အိမ်ရှေ့ကို လှည့်ကြည့်လိုက်ချိန် နှစ်ယောက်က ထမင်းဝိုင်းက ထပြီး လူခွဲစပြုနေပြီ။ နောက်တော့ ကိုလေးတစ်ယောက်ဘဲ အိမ်နောက်ဖေးသို့ ရောက်လာလေသည်။ ယောက်ဖကြီးကတော့ ခြံထဲကို ဆင်းသွားလေရဲ့။
"ရတယ်။ ငယ်လေး။ ကိုလေး ဆေးလိုက်မယ်။"
"ကိုလေးတို့ ဘာဖြစ်ထားကြတာလဲ။"
VOCÊ ESTÁ LENDO
RomanceAFFECTION-နှောင်ကြိုး (Sequel)