Extra-4-Unicode

11.3K 681 178
                                    

ထက်မာန်ဦး အိမ်ရှေ့ဧည့်ခန်းထဲကဆိုဖာပေါ် ထိုင်ရင်းနံရံပေါ် ချိတ်ဆွဲထားတဲ့ နာရီကို မသိမသာလေးကြည့်မိသည်။ နာရီလက်တံသည် ညခုနှစ်နာရီခွဲခါနီးကို ညွှန်ပြလျှက်ရှိသည်။ မျက်ခုံးတန်းတို့ကို တွန့်ကွေးလိုက်သည်မှာ မျက်ခုံးနှစ်ခုဟာ ထိစပ်လုမတတ်။ အရှေ့မှာထိုင်ကာ ရှစ်နာရီသတင်းအစီအစဉ်ကို စောင့်ရင်း ဇာတ်လမ်းတွဲကိုကြည့်နေတဲ့ ကြီးငယ်မှာမူ ထက်မာန်ဦး၏ စိတ်မရှည်မူတွေကို ရိပ်စားသိရှိသွားသည့်အလား ရယ်သံမထွက်စေရဘဲ အပြုံးတစ်ခုကိုသာ ဖန်တီးလိုက်လေသည်။

"ဒီအချိန်ဆို ကားတွေ မြို့ထဲဝင်ပြီမဟုတ်လား။"

ထက်မာန်ဦး ကိုယ့်ကိုယ်ကို ပြောလိုက်ခြင်းဖြစ်သည့်တိုင် ထိုမေးခွန်းကို ကြားလိုက်တဲ့ ကြီးငယ်မှာ ဒီတိုင်းငြိမ်ထိုင်မနေနိုင်တော့ဘဲ ထက်မာန်ဦးကို နှစ်သိမ့်ဖို့ ကြိုးစားလာလေသည်။

"သားငယ်ရယ်။ ရန်ကုန်ကလမ်းတွေက ကားပိတ်တတ်တာကို မသိတာလည်း မဟုတ်ဘဲနဲ့။ အောင်မင်္ဂလာကနေ ဒီထိ ရောက်ဖို့ဆို ကြာဦးမှာပေါ့။"

ထက်မာန်ဦး ကြီးငယ်ပြောသည်ကို မကြားမဟုတ်။ ကြားပါသည်။ ကားပိတ်တာကိုလည်း မသိမဟုတ်။ သိပါသည်။ ကိုဗစ်ကာလ ပထမWave တွင် ရန်ကုန်ဟာ လမ်းပေါ်မှာကားတစ်စီးမှ မတွေ့ရလောက်အောင် လူသူဆိုလို့ မမြင်ရလောက်အောင် ခြောက်ကပ်သွားသော်လည်း အခုချိန်တွင် ရန်ကုန်လမ်းတွေဟာ ပြန်လည်စည်ကားပြုလာပြီမဟုတ်လား။ ဒါပေမဲ့လည်း အောင်မင်္ဂလာလောက်ရောက်ပြီဆို ဖုန်းဆက်ဖို့သင့်နေပြီလေ။ ဖုန်းဆက်ပြီးနည်းနည်းလောက် အကြောင်းကြားတော့ ဘာဖြစ်မတဲ့တုန်း!

"စိတ်ပူနေတယ်ဆိုရင်လည်း ဖုန်းဆက်ကြည့်လိုက်လေ။ သားငယ်ရဲ့။ ဘာလို့ဒီတိုင်းငုတ်တုတ်ကြီးထိုင်နေတုန်း။"

ကြီးငယ်ကထက်မာန်ဦးစိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ခံစားချက်ကြီးကို လုံးလုံးလျားလျား ဖွင့်ချလိုက်လေသည်။ စိတ်ပူနေတယ်ဆိုပေမဲ့လည်း ထက်မာန်ဦးရင်ထဲရှိနေတဲ့ အစာမကြေမူလေးတွေကြောင့် တစ်ဖက်လူကို ဖုန်းစဆက်ရလောက်တဲ့အထိ ထက်မာန်ဦး စိတ်ကြည်မနေပါ။

နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီ-  နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီWhere stories live. Discover now