Extra-8-Unicode

5.9K 374 98
                                    

"တီ..တီ..တီ..တီ..တီ"

ဝေလွှမ်းရဲ့ လက်ချောင်းလေးတွေက အဆက်မပြတ်မြည်နေတဲ့ Alarm ဟာ တိခနဲ ရပ်တန့်သွားလေသည်။ မာန်များနိုးသွားသေးလားလို့ စိုးရိမ်စိတ်နှင့် နောက်လှည့်ကြည့်မိပေမဲ့ ဆက်တိုက်မြည်နေခဲ့တဲ့ Alarm သံဟာ မာန့်ကို အနည်းငယ်မျှပင် အနှောင့်အယှက်ပေးနိုင်ဟန်မရှိပေ။

အိပ်ပုတ်လွန်းတဲ့ အမျိုးသားလေးအတွက် ဒီတစ်ခုကလည်း ဘုရားပေးတဲ့ လက်ဆောင်ပါလားဟု ဝေလွှမ်းတွေးမိရင်း ခပ်ဖွဖွပြုံးမိလေသည်။ နိုးသွားရင် ပြန်အိပ်မရနိုင်တဲ့ ဝေလွှမ်းကတော့ ကိုယ်ဟန်အနေအထားကို ပြင်လိုက်ရင်း မာန့်ဘက်သို့ ခေါင်းငဲ့လိုက်လေသည်။ ဘေးကတစ်ယောက်သော သူကတော့ အိပ်နေလိုက်တာမှ တရှုးရှုးနှင့်အသက်ရှုသံတွေတောင် မြည်လို့။

ခေါင်းအုံးကို လက်နှစ်ဖက်နှင့်ပွေ့ပိုက်ထားရင်း မျက်နှာတစ်ခြမ်းအပ်ကာ မှောက်လျက် အိပ်နေတာမို့ လက်မောင်းအောက်ကွယ်ဝှက်နေတဲ့ မာန့်မျက်နှာတစ်စွန်းတစကိုသာ ဝေလွှမ်း မြင်ရသည်။ မျက်ခုံးတန်းတွေအောက်က မျက်တောင်နက်နက်လေးတွေက ဝပ်ဆင်းနေသည်မှာ တုပ်တုပ်မျှ မလှုပ်။ ဝေလွှမ်း အတွက်တော့ ထိုအမျိုးသားနှင့်ပတ်သက်တာ မှန်သမျှ မျက်တောင်ဖျားလေးက အစ မြတ်နိုးရသူမို့ အနားမှာနေရင်းတစိမ့်စိမ့်နှင့်သာ ထိုင်ကြည့်နေမိလေသည်။

အချိန်တစ်ခုထိ ကြာလာတော့ ကြည့်နေရုံနှင့်တင် မတင်းတိမ်နိုင်တော့တဲ့ လက်ဖျားတွေက မာန့်နှုတ်ခမ်းထောင့်က မှဲ့သေးသေးလေးကို ့်ခပ်ဖွဖွပွတ်သပ်မိသည်။ ထိုသို့လက်မဖျားလေးနှင့်ဖိမိလိုက်သည်ဆိုလျှင်ပဲ ဝပ်စင်းနေတဲ့ မျက်တောင်းဖျားတွေက ဝေလွှမ်းရှေ့မှောက်မှာပဲ တဖျပ်ဖျပ်နှင့် လှုပ်ခတ်လာလေတော့သည်။

"နိုးပြီလား။"

မာန်သည် မျက်လုံးနှစ်လုံးပွင့်စအချိန်မှာပင် သူ့ကိုမေးထောက်ကာ ငေးကြည့်နေတဲ့ ဝေလွှမ်းကိုမြင်လျှင် လန့်သွားဟန်ရှိသည်။ ဖျပ်ခနဲ ပွင့်လာတဲ့ မျက်လုံးတွေက ခဏတာ ၀ိုင်းစက်လို့သွားပြီးမှ မျက်ခုံးတွေကျုံ့လို့သွားလေကာ နှုတ်ခမ်းစူပြီး ငြူစူဟန်ပြုသည်။

နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီ-  နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီOnde histórias criam vida. Descubra agora