Part-7-Unicode

8.6K 937 311
                                    


"ဒါကမင်းရဲ့ရုံးခန်းထဲမှာလား။"

မိုးဝေစကားကြောင့် ထက်မာန်ဦး နောက်သို့ပင် လှည့်ကြည့်လိုက်မိသည်။ နောက်မှာက စာရင်းတွေ မှတ်တမ်းမှတ်ရာတွေကို စုထားတဲ့ ဖိုင်တွဲတွေ အထပ်လိုက်စီထားတဲ့ စင်ကြီးသာရှိလေသည်။

"အေး။ ဟုတ်တယ်။ ငါ့ရုံးခန်း။"

ဖုန်းမျက်နှာပြင်ပေါ်က မိုးဝေက ရေတဘူး မော့သောက်နေရင်းမို့ ခေါင်းတစ်ချက်သာ ညိမ့်ပြလေသည်။ ထက်မာန်ဦးကတော့ နောက်လှည့်ကြည့်ရာမှ ရှေ့သို့ ပြန်လှည့်လာရင်း မိုးဝေနဲ့ Video Call ခေါ်လက်စ ဖုန်းလေးကို နေရာတကျ ဖြစ်အောင် ကော်ဖီခွက်နောက်မှာခံပြီး ထောင်ထားလိုက်သည်။ ထက်မာန်ဦးရဲ့ ရုံးခန်းက အရမ်းတော့ မကျယ်တော့မယ့် ဗီရိုတွေ ဖိုင်တွဲတွေကိုသေသေချာချာလေးတကန့်စီ ထား,ထားတာမို့ သူ့ဟာနှင့်သူတော့ သပ်သပ်ရပ်ရပ်ကလေး ဖြစ်သည်။

"မင်းအခုငါနဲ့စကားပြောလို့ရရဲ့လား။ ရုံးချိန်ကြီးဆိုတော့။"

ရေသောက်,သောက်ပြီးချင်း မိုးဝေ အရင်ဆုံး ပြောလာတဲ့ စကား။ လပ်တော့မျက်နှာပြင် ပေါ်က အကြည့်သိပ်မခွာတဲ့ ထက်မာန်ဦးကို အားပါ့မလားလို့ စိတ်ပူနေတာ ဖြစ်နိုင်သည်။

"ပြောလို့ရတယ်။အေးဆေး။"

ကျောင်းရဲ့ ဒုဥက္ကဌကိုများ လာပြီး စိတ်ပူနေရသေးတယ်။ ဒုဥက္ကဌ ရုံးခန်းထဲ ဘယ်သူက တံခါးမခေါက်ဘဲ ဝင်လာရဲမှာလဲ။

ရုံးခန်းထဲ ဘယ်သူမှဝင်လာမရဲဘူးဆိုပေမယ့် အလုပ်တွေကတော့ ပစ်ထားလို့မရလေရာ ထက်မာန်ဦးမှာ လက်ကိုတော့ ကီးဘုတ်ကနေ မခွာဘဲ တရစပ်ရိုက်ရသည်။ မိုးဝေကို ကြည့်ရသလောက်တော့ ယူနီဖောင်းနဲ့ဆိုပေမယ့် ခြေပစ်လက်ပစ်နဲ့ နားနေပုံရတာကြောင့် သူ့ရဲ့နားချိန်ဖြစ်လောက်သည်။

"ဒါနဲ့ မင်းက အခုရန်ကုန်ပြန်ရောက်နေတာဆိုတော့ ဝေလွှမ်းကို ဟိုမှာ တစ်ယောက်တည်း ထားခဲ့ရမှာပေါ့။"

"အေး။ အဲ့လိုဘဲ ဖြစ်သွားတယ်။ ငါ့မှာလည်း အခုထိ မေမေ့ကျန်းမာရေးအခြေအနေကလည်း စိတ်မချရသေး၊ အလုပ်တွေကလည်း ပုံနေတာနဲ့ လွှမ်းဆီကို မပြန်နိုင်သေးဘူး။"

နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီ-  နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီWhere stories live. Discover now