Part-19-Unicode

9.3K 1K 217
                                    


"ဒီအပတ် မေမေ့ရဲ့ဆေးခန်း ရက်ချိန်းက ဘယ်နေ့လဲ။ ကြီးငယ်။"

ပုံမှန်ဆို မေမေ့ရဲ့ဆေးခန်းရက်ချိန်းက တနင်္ဂနွေနေ့ဖြစ်လေ့ရှိတာကြောင့် ထက်မာန်ဦး ကြီးငယ်ကို ကြိုမေးလိုက်မိသည်။ ဒါမှ အချိန်ရွှေ့သင့်ရင် ရွှေ့ရအောင်။

"သောကြာနေ့ ညနေ"

ကြီးငယ်က ဧည့်ခန်းစားပွဲပေါ်က ပန်းအိုးထဲ နှင်းဆီနီနှစ်ပွင့်ခန့်ကို စိုက်ထိုးနေရင်း ပြန်ဖြေသည်။ ပြီးတော့ ထိုပန်းနှစ်ပွင့် အချိုးကျမကျ ပန်းအိုးကိုကိုင်မရင်း ကြည့်နေရသေးတာကြောင့် ဘေးမှာထိုင်နေတဲ့ ထက်မာန်ဦးကို လှည့်မကြည့် အားသေး။

"ဘာလို့လဲ။ သားငယ်။"

ကြီးငယ်က ရုတ်တရက် လှည့်ကြည့်လာတာကြောင့် ထက်မာန်ဦးမှာ မျက်နှာပိုးကို အလျင်အမြန် သတ်လိုက်ရသည်။

"ဘာလဲ။ သောကြာနေ့ည ရွာငံ သွားဖို့ရှိနေတာလား။"

ကြီးငယ်ကတော့ အရိပ်အကဲ ဖမ်းတာ တော်ချက်ပင်။ စက္ကန့်ပိုင်းအတွင်း ဖြစ်သွားတဲ့ ထက်မာန်ဦးရဲ့ ပြုံးစိစိမျက်နှာကို အမိအရပင် ဖမ်းဆုတ်ကိုင်လိုက်နိုင်သည်။

"အင်း...။"

ဆံပင်တွေကို အကြောင်းမဲ့ ဆွဲဖွရင်း ထက်မာန်ဦး ရယ်ကျဲကျဲလုပ်နေမိသည်။ ကြီးငယ်ကတော့ မျက်စောင်းတစ်ချက်သာ ပစ်လွှတ်လိုက်လေရင်း လက်ထဲမှပန်းအိုးကို စားပွဲပေါ် တင်လိုက်လေသည်။ သို့သော် စိတ်တိုင်း မကျသေးဟန်နှင့် အရွက်တချို့ကို ကတ်ကြေးနှင့် တိညှပ်နေလေသည်။

ထက်မာန်ဦးမှာလည်း ပြီးခဲ့တဲ့ တခေါက် ရွာငံသွားတုန်းက လွှမ်းနဲ့ဖြစ်ခဲ့သမျှကို ပြောပြရကောင်းမလား တွေဝေငေးမောနေရင်း ကြီးငယ်ဘေးနားထိုင်နေရာကနေ မထမိသေး။ ကြီးငယ်ဆိုတာ ထက်မာန်ဦး ငယ်ငယ်ကတည်းက အမေရင်းနဲ့ မခြား တိုင်ပင်ဖော်တိုင်ပင်ဖက် ဖြစ်ခဲ့တာကြောင့် အကျိုးအကြောင်းလောက်တော့ ပြောပြသင့်တယ် မဟုတ်ပါလား။

"ဒါနဲ့ ကြီးငယ်..။ကျွန်တော် တစ်ခုပြောစရာရှိလို့။"

"အင်း..။ပြောလေ။"

နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီ-  နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီDonde viven las historias. Descúbrelo ahora