"..."ဖုန်းသံထွက်ပေါ်လာရာကို ကြည့်လိုက်တော့ စားပွဲထက်မှာ အားသွင်းထားတဲ့ ဖုန်းလေးသည် တဒူဒူ တုန်ခါလျှက်။ မနက်စောစောစီးစီး ဘယ်သူ ဖုန်းဆက်တာပါလိမ့်။
မနက်ခြောက်နာရီမျှသာ ရှိသေးတာကြောင့် လူက အိပ်မူံစုံမွှားဖြစ်နေပေမယ့် စိုင်းဝေယံ အိပ်ရာမှ ကုန်းရုန်းထလိုက်မိသည်။ မျက်နှာကို တစ်ချက်နှစ်ချက် ပွတ်လိုက်ကာ စားပွဲပေါ်ကို လက်လှမ်းပြီး ဖုန်းကို လှမ်းယူလိုက်မိချိန် ဖုန်းမျက်နှာပြင်ပေါ်က နာမည်လေးသည် စိုင်းဝေယံရဲ့ မပွင့်တပွင့် မျက်လုံးတွေကို အနည်းငယ်မျှ ကျယ်သွားစေသည်။
ဝေလွှမ်း..?
ဝေလွှမ်းက ဘာလို့ ဖုန်းဆက်လာရတာလဲ။ ပြီးတော့ ဒီလိုအချိန်ကြီး။
မနေ့က ဖွင့်ဟ ဖော်ထုတ်ခဲ့သမျှသည် အခုချိန် ပြန်တွေးမိလျှင် မျက်နှာပူစရာပင်။ ဝေလွှမ်းလည်း စိုင်းဝေယံလို မဟုတ်လျှင်တောင် စိတ်ကသိကအောင့်တော့ ဖြစ်နေလောက်မည်သာ။ ဒါပေမယ့် ၂၄နာရီတောင် မခြားဘဲ ဝေလွှမ်းဘက်ကစပြီး ဖုန်းခေါ်လာသည်မှာ ထူးဆန်းလွန်းနေသည်။ ထိုအတွေးတွေနဲ့တင် ဖုန်းကို ကိုင်ရမလား မကိုင်ရမလား တွေဝေနေမိပေမယ့် ဝေလွှမ်းဆိုတဲ့ နာမည်လေးကြောင့် စိုင်းဝေယံ တောင့်ခံနိုင်သည်မှာ တစ်မိနစ်တောင် မကြာလိုက်။
"ဟဲလို။"
ဖုန်းကိုင်လိုက်လျှင်ချင်း ဝေလွှမ်းဘက်ကစတင်ပြီး အတောမသတ်နိုင်အောင် စကားပြောတော့သည်။
"အင်း။"
စိုင်းဝေယံ တအင်းအင်းနဲ့ ပြောနေရင်း တနေရာအရောက်မှတော့
"ဘာ..။"
ဒီတစ်ခါမှ မပွင့်တပွင့်ဖြစ်နေတဲ့ မျက်လုံးတွေလည်း ပြူးကျယ်ထွက်သွားသည်။ မနက်မိုးလင်းတော့ သော်လွှမ်းကို အိမ်မှာ မတွေ့တော့ဘူးတဲ့။
"ဟုတ်ရော ဟုတ်ရဲ့လား။ ရွာထဲက တအိမ်အိမ်ကို သွားနေတာရော။ ရေဆင်းခပ်တာရော မဖြစ်နိုင်ဘူးလား။ ကြက်ခြံထဲရော။ အရင်ရှာကြည့်ပါဦး။"
YOU ARE READING
RomanceAFFECTION-နှောင်ကြိုး (Sequel)