Part-17-Unicode
10.6K 969 324
အခန်းငယ်လေးထဲ ဖြာကျလာတဲ့ နေခြည်နွေးနွေးနှင့်အတူ တနေ့တာရဲ့ မနက်ခင်းသည် စတင်ပြီး အသက်ဝင်လာသည်။ ကြက်ခြံဆီမှ ကြက်မတွေရဲ့ အုန်းအုန်းကြတ်ကြတ် အသံက နားထဲစူးဝင်လာတာကြောင့် မျက်လုံးတွေကိုပါ ဆက်ပိတ်ထားလို့မရနိုင်တော့။ အိပ်တဝက်နိုးတဝက်အခြေအနေတွင် မြင်လေသမျှအရာရာ ဟာ မူန်တဝါးဝါး။
"လွှမ်း..။"
နူတ်ဖျားက ယောင်ယမ်း တမ်းတလိုက်မိရင်း လက်ကပါ ဘေးဘက်ဆီကို လှမ်းစမ်းလိုက်မိသည်။ တဖြည်းဖြည်း ပြတ်သားလာတဲ့ မြင်ကွင်းအောက်မှာ မြင်လိုက်ရတဲ့သူသည် ရေရွတ်မိသည့် နာမ်စားပိုင်ရှင်။ ထိုမျက်နှာပြေပြေလေးကို မြင်လိုက်လေချင်း ရယ်သံတစွန်းတစကို ထက်မာန်ဦး နူတ်က ဖန်တီးလိုက်မိတော့သည်။ ငယ်စဉ်က မနက်ခင်းရောက်လို့ လွှမ်းပျောက်သွားမှာ စိုးထိတ်ခဲ့ရတဲ့ နေ့ရက်တွေသည် ယခုအချိန်တွင်တော့ ထက်မာန်ဦးအတွက် အိပ်မက်ပမာ အလားပင်။
"အဲ့လောက်တောင် အိပ်နေရသလား။"
ပုံမှန် အအိပ်ဆတ်လွန်းတဲ့ လွှမ်းသည် ထက်မာန်ဦး ဘေးနားကနေ တလူပ်လူပ်တရွရွ လုပ်နေတာတောင် အိပ်မောကျနေဆဲ။ အသည်းတယားယားနှင့် နဖူးပေါ်ကျနေတဲ့ ဆံစလေးတွေကို လက်ဖျားလေးနှင့် အသာတင်ပေးလိုက်သည်။ လွှမ်းနဖူးစပ်ဆီက ဆံစလေးတွေကတော့ နေခြည်လဲ့လဲ့ လေးအောက် တလက်လက် တောက်ပလို့နေလျှက်။
ခပ်ပြေပြေ နဖူးပြင်က ရှင်းခနဲဲ ဖြစ်သွားချိန် ဇင်ရော်တောင် မျက်ခုံးနှစ်ခုံးဟာ ထင်းခနဲ မျက်လုံးထဲ တိုးဝင်လာရသည်။ ရှည်လျားတဲ့ မျက်တောင်ရှည်လေးတွေ ဝန်းရံထားတဲ့ မျက်လုံးမို့မို့လေးတွေဟာတော့ ငြိမ်သက်နေမြဲ။ မေးရိုးတွေထင်းပြီး ပါးရိုးတွေ ခိုင်ကျည်လာတာမှအပ လွှမ်းဟာ ငယ်ရုပ်ကလေးကတော့ ပျောက်ကွယ်မသွား။ ဒီမျက်နှာလေးကို သိစိတ်ကဖြစ်စေ၊ မသိစိတ်က ဖြစ်စေ အကြိမ်ကြိမ်အခါခါ ငေးကြည့်ခဲ့ဖူးပေမယ့် ဘယ်တူန်းကမှ ဝန်မခံချင်ခဲ့။
ပန်းနုရောင်သမ်းနေမြဲ နူတ်ခမ်းလွှာတွေသည် ယခုမနက်ခင်းတွင်တော့ နီစွေးစွေးအရောင်ကို ဆင်မြန်းထားလေသည်။ ထိုနူတ်ခမ်းတွေကို အတန်ကြာ စိုက်ကြည့်မိရုံနှင့် နဖူးစပ်နားဆီက လက်ချောင်းကလေးတွေသည် အလိုအလျောက် လျှောဆင်းလာခဲ့လေသည်။ သို့သော် သတ်မှတ်နေရာဆီသို့ မရောက်ခင်မှာပင် ထက်မာန်ဦးရဲ့လက်က ဖမ်းဆုပ်ကိုင်ခြင်း ခံလိုက်ရလေသည်။