Part-5-Unicode

9.4K 946 162
                                    


ကြိုးတွေက ဝရံတာမှာ အပုံလိုက်။ ပြီးခဲ့တဲ့ သီတင်းကျွတ်တုန်းက ရှော်ကြိုးကို သုံးခဲ့တာကြောင့် မခိုင်မခံ့ဖြစ်ခဲ့ရလေရာ ဒီတစ်ခါတော့ ပိုအသားမာတဲ့ ကြိုးအလုံးသေးသေးကို ဆိုင်ကနေ ဝယ်လာသည်။ စိုင်းဝေယံရဲ့အိမ်က ဝရံတာက ခါးနားလောက် လက်ရန်းမှအပ အကာအရံမရှိလေရာ မီးပုံးတွေချိတ်ဖို့ ကြိုးတွေကို အရင်ဆုံး ဆင်ရသည်။

"မီးတွေဆင်နေပြီလား။"

ခြံရှေ့ကလှမ်းအော်ခေါ်သံကြားလေရာ စိုင်းဝေယံရဲ့လုပ်လက်စအလုပ်တို့ ရပ်တန့်သွားရသည်။ လှမ်းကြည့်လိုက်တော့ ဘေးအိမ်က အဒေါ်ကြီး။ နဂိုကတည်း က အဘွားတို့နှင့် ခင်မင်ရင်းနှီးစွဲရှိတာကြောင့် စိုင်းဝေယံနှင့်လည်းသိသည်။ စိုင်းဝေယံ အပြင်သွား ဘာညာဆို သူတို့အိမ်ကဘဲ အဘွားကို လာကြည့်ပေးထားရတာ။

"ဟုတ်။ ဒေါ်ဒေါ်ဆင်နေပြီ။"

"အေးအေး။ စျေးခဏသွားဦးမယ်။ ဘာမှာဦးမလဲ။"

"ဘာမှမမှာတော့ဘူး။ ကျွန်တော်မနေ့ကဘဲ စျေးကပြန်လာတာ။"

"အေး။ ဒါဆိုသွားပြီနော်။"

သူ့ဦးတည်ရာအတိုင်း ထိုအဒေါ်ကြီး ထွက်သွားတဲ့နောက် စိုင်းဝေယံ လုပ်လက်စ အလုပ်ကို ပြန်ဆက်လုပ်ဖို့ပြင်သည်။ ဟိုဘက်ဒီဘက်အစွန်တွေမှာ သံရိုက်ပြီး ကြိုးစကို တွယ်ချည်လိုက်တော့ မီးပုံးတွေချိတ်ဖို့ နေရာရသွားပြီ။

အသင့်ရှိနေတဲ့ မီးပုံးငါးလုံးလောက် ဝရံတာတလျှောက် ခပ်ရိုးရိုးဘဲ ချိတ်လိုက်သည်။ ပြီးတော့ လျှပ်စစ်မီးကြိုးခွေသုံးပြီး အိမ်ထဲက ပလပ်ပေါက်နှင့် ကြားခံလိုက်တော့ စိုင်းဝေယံရဲ့ တန်ဆောင်တိုင် မီးပုံးဆင်တာက အပြီးသတ်သွားပြီဖြစ်သည်။

အချိန်ကိုကြည့်လိုက်တော့ ညနေလေးနာရီလောက် ရှိနေပြီဖြစ်သည်။ ဒီနေ့က ဝေလွှမ်းဆီသွားရမယ့်ရက်ဘဲ။ ပုံမှန်ဆို မနက်ပိုင်း လိမ္မော်ခြံသွားရင်းနဲ့ ဝေလွှမ်းဆီ ဝင်ဖြစ်ပေမယ့် ဒီနေ့က တန်ဆောင်တိုင်ပိတ်ရက်မို့ ခြံကအလုပ်သမားတွေကို နားရက်ပေးထားသလို စိုင်းဝေယံလည်း လိမ္မော်ခြံမရောက်ဖြစ်တော့။ လိမ္မော်ခြံ မရောက်တာက အကြောင်းမဟုတ်ပေမယ့် ဝေလွှမ်းဆီက မသွားလို့ မဖြစ်။ ဝေလွှမ်းမှာထားတဲ့ ဆေးတွေကို သွားပို့ပေးမှဖြစ်ပေမည်။

နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီ-  နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီDonde viven las historias. Descúbrelo ahora