အိပ်ရာက နိုးနိုးချင်း သော်လွှမ်းခမျာ အိမ်ပြင်ထိ ဆွဲခေါ်ခြင်းခံရလေသည်။ တညတာလေး တကုတင်တည်း အတူတူ အိပ်မိတာနဲ့ အိမ်ပေါ်ကနေ ကန်ချခံရတဲ့ သော်လွှမ်းဘဝ ဆိုးချက်ဘဲ။ နေပါဦး။ အဲ့တာက အဲ့လောက် စိတ်ဆိုးစရာလိုလို့လား။ ဘာမှဖြစ်ခဲ့တာလည်း မဟုတ်ဘဲနဲ့။အတင်း ရုန်းနေပါသော်လည်း ဦးပြောင်ရဲ့ အားကို မတွန်းလှန်နိုင်တာနဲ့ သော်လွှမ်းမှာ နောက်ကနေ တရွတ်တိုက်ကြီး ပါသွားလေသည်။
"တက်။ ကားပေါ်တက်။"
ကားပေါ်တက်ဆိုမှ သော်လွှမ်း မျက်လုံးပြူးသွားရသည်။
"ဘာလဲ။ မန္တလေးပြန်ပို့မယ်ဆို မတက်ဘူးနော်။"
"တက်မှာဖြင့်တက်စမ်း။"
ငြင်းဆန်ခွင့်လေးတောင် မပေး။ သော်လွှမ်းကို ကားထဲ ဆောင့်တွန်းထည့်ပြီး ကားတံခါးကို ပိတ်သွားတာမှ ဂျိမ်းခနဲ။ သော်လွှမ်းကြည့်နေတုန်း ဘေးက ဒရိုင်ဘာထိုင်ခုံမှာ ဝင်ထိုင်လာလေတဲ့ ဦးပြောင်။
"ခင်ဗျား အခုကျွန်တော့်ကို ဘယ်ခေါ်သွားမလို့လဲ။"
သော်လွှမ်းမေးခွန်းကို စိုင်းဝေယံ ပြန်မဖြေနိုင်။ ခေါင်းတစ်ခုလုံး အုံပြီး ကိုက်ခဲ နေရခြင်းရဲ့ အကြောင်းပြချက်သည် မနေ့က သောက်တာ များသွားရခြင်း တစ်ခုတည်း မဟုတ်တန်ရာ။ အခုအချိန်မှာ စိုင်းဝေယံ တွေးနိုင်တဲ့ တစ်ခုတည်းသောအရာက ဘယ်လိုနည်းနဲ့ဘဲ ဖြစ်ဖြစ် သော်လွှမ်းကို အနားကနေ ဖယ်ထုတ် ပစ်ရမယ်ဆိုတာဘဲ။ တပတ်တောင် မပြည့်သေးဘဲ ကုတင်ပေါ် ရောက်လာတာ ဒီကောင်လေး လက်ရဲဇက်ရဲနိုင်ပုံနဲ့ နောက်ပိုင်းဆို တွေးတောင် မတွေးရဲဘူး။
"ခင်ဗျား ကားမောင်းလို့ အဆင်ပြေပါ့မလား။ ညကအရှိန်နဲ့ Hang Over ဖြစ်နေလို့ မမောင်းနိုင်ရင် ကျွန်တော် မောင်းပေးမယ်လေ။"
ကားစက်ကြီးနိူးပြီး ကားဘီး မလှိမ့်နိုင်သေးတဲ့ စိုင်းဝေယံကို သော်လွှမ်းက လှမ်းမေးလာသည်။ စိုင်းဝေယံလှည့်ကြည့်လိုက်တော့ စိုးရိမ်တကြီးမျက်နှာပေးလေးနဲ့။ ဒီဟာလေးဟာ အခုချိန်မှာ သူ့အတွက်သူ စိတ်ပူနေရမယ့် အခြေအနေ မဟုတ်ဘူးလား။
ČTEŠ
RomanceAFFECTION-နှောင်ကြိုး (Sequel)