Extra-7-Unicode

8.2K 544 186
                                    


"တီးတောင်။တီးတောင်။"

ဟော။ ကလေးတွေပြန်လာပြီထင်ပါရဲ့။

ဒေါ်နှင်းဝေ နာရီကိုလှမ်းကြည့်တော့ ညကိုးနာရီတောင်ထိုးနေပြီဖြစ်သည်။ ဘဲလ်သံကတော့ အဆက်မပြတ်မြည်နေဆဲပင်။ ဒေါ်နှင်းဝေမှာ ထွေးထွေးလာအဖွင့်ကိုတောင် မစောင့်နိုင်ဘဲ ထိုင်နေရာကနေ ခပ်သွက်သွက်ထလိုက်ရသည်။

"ပြန်လာကြပြီလား.. အမယ်လေး။ ဖြည်းဖြည်း။"

အိမ်ရှေ့တံခါးမကိုလည်း ဆွဲအဖွင့် အတင်းစွတ်ဝင်လာတဲ့ လူတစ်ယောက်ကြောင့် လန့်ဖျပ်သွားကာ နောက်ကို အသာဆုတ်လိုက်ရသည်။ လှည့်ကြည့်မိတော့ထိုသူသည် သားဝေလွှမ်းပင်။ ဝေလွှမ်းနောက်မှာ တပါတည်းကပ်လိုက်လာသူက သားငယ်။

"လွှမ်း။ နေဦးလေ။ လွှမ်း။"

သားငယ် လှမ်းခေါ်နေတာတောင် ဝေလွှမ်းသည် အနောက်ကိုတစ်ချက်မျှပင် လှည့်မကြည့်ဘဲ အိမ်ခန်းထဲကိုတန်းဝင်သွားလေသည်။ သားငယ်ကလည်း မျက်နှာမကောင်း။ ဒုက္ခပဲ။ ကလေးတွေဘာဖြစ်လာတာပါလိမ့်။

"လွှမ်း။ ခဏ.."

"သားငယ်။ ဝေလွှမ်းနဲ့ ဘာတွေဖြစ်လာကြတာလဲ။"

ဝေလွှမ်းနောက်လိုက်သွားဖို့ ပြင်တဲ့ သားငယ်ရဲ့လက်မောင်းကို လှမ်းဖမ်းဆွဲလိုက်သော်လည်း သားငယ်က မျက်စိပျက်မျက်နှာပျက်နှင့် ဝေလွှမ်းနောက်ကို လိုက်ဖို့သာ တာစူနေသည်။

"ခ...ခဏ။ နောက်မှရှင်းပြမယ်။ အခုလွှမ်းဆီသွား..."

ဒေါ်နှင်းဝေကိုကြည့်လိုက်၊ အိမ်ထဲဝင်သွားတဲ့ ဝေလွှမ်းကို ကြည့်လိုက်နှင့် သားငယ်ခမျာ ဂနာမငြိမ်။ ဖမ်းဆွဲထားတဲ့လက်ကို အတင်းခွာချနေတာနဲ့ပဲ လွှတ်ပေးလိုက်ရသည်။ ဒေါ်နှင်းဝေရဲ့လက်ကနေ လွတ်သွားတဲ့ သားငယ်သည် ဝေလွှမ်းနောက်ကိုတန်းနေအောင် ပြေးလိုက်တော့သည်။ ကလေးနှစ်ယောက်ကို စိတ်မချနိုင်သူတဲ့ဒေါ်နှင်းဝေမှာတော့ သားငယ်နောက်ကိုသာ ခပ်သုတ်သုတ်လိုက်ရပေသည်။ သို့သော် အိပ်ခန်းတံခါးရှေ့လည်းအရောက် ၊ နှစ်ယောက်လုံးကို ဆီးကြိုလိုက်သည်က ဘန်းခနဲ ပိတ်ချပစ်လိုက်တဲ့ အိပ်ခန်းတံခါးကြီးသာ။

နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီ-  နှောင်ကြိုးမည်သည် ရစ်ဖွဲ့သီTempat cerita menjadi hidup. Temukan sekarang