"သော်လွှမ်း!"ဆတ်ခနဲ တစ်ချက်လူပ်သွားလေတဲ့ ခန္ဓာကိုယ်သေးသေးလေးသည် စိုင်းဝေယံရဲ့ မျက်စိရှေ့မှာတင် ကျုံ့ဝင်သွားသလိုပင်။ ခြေလှမ်းကြဲကြဲတွေနှင့် အနားကိုတိုးကပ်သွားလိုက်တော့ သူကဘဲ မျက်နှာကိုတောင် တစ်ဖက်သို့ လွှဲပစ်လိုက်ရသေးသည်။
"ငါတို့ကို ဘာမှမပြောဘဲ တနေကုန် ဘယ်တွေလျှောက်သွားနေရတာလဲ။ မင်းအစ်ကို ဘယ်လောက် စိတ်ပူနေလဲ နားမလည်ဘူးလား။"
စိုင်းဝေယံ ဒေါနှင့်မောနှင့် အော်ဟစ်နေမိသည်။ ဒီစကားလုံးတွေဟာ ကရုဏာဒေါသောနှင့် ပြောနေသည်ဆိုတာ သိမှသိပါ့မလားပင်။ ပြန်မဖြေဘဲ ပေတေပြီးသာ ထိုင်လျှက်ရှိတဲ့ သော်လွှမ်းသည် ကောက်ရိုးမျှင်တွေနှင့်ပြည့်နေတဲ့ ကြမ်းပြင်တနေရာကိုသာ စိုက်ကြည့်နေလျှက်ရှိသည်။
"ငါမေးနေတယ်လေ။ မကြားဘူးလား။"
သော်လွှမ်းဟာ တုပ်တုပ်လေးမျှပင် မလူပ်ပေ။ အဲ့လို မထုံတတ်တေးနဲ့ ပြန်မပြောနားမထောင် အချိုးတွေကို ကြည့်လို့မရတာ။ ပေကပ်နေတဲ့ သော်လွှမ်းကြောင့် စိုင်းဝေယံ ပိုစိတ်တိုလာမိသည်။ စိုင်းဝေယံကိုလည်း မော်ပြီးတောင် ကြည့်မလာ။ ဒီကောင်လေးဟာ စိုင်းဝေယံ အနားကို မလာဘူး ပြောရုံမကလို့ မျက်နှာပါ မမြင်ချင်တော့တာလား။
"ငါ့ရှိတဲ့နေရာက နေရာကနေ ထွက်ပြေးချင်တယ်ဆိုလည်း အဆုံးထိ ထွက်ပြေးလေ။ ရေဆုံးမြေဆုံးထိ ပြေးလေ။ ဘာလို့ အခု ငါ့ခြံထဲ လာဝင်ခွေနေရတာလဲ။"
"ဘာလို့ ခင်ဗျား ကျွန်တော့်ကို လာအော်နေရတာလဲ။"
ညအမှောင်ထဲတွင် ဟိန်းထွက်လာလေတဲ့ ထိုအသံလိူင်းသည် ကျယ်လောင်လွန်းလှသည်။ စိုင်းဝေယံကို ပြန်အော်ပစ်လိုက်ပုံက ရုတ်တရက်ဆန်လွန်းသည်။ ဒီဟာလေးက ကိုယ့်ထက်အကြီးကိုတောင် အဲ့လေသံနဲ့ ပြန်အော်ရဲတယ်ပေါ့လေ။
ဆစ်ခနဲ စိတ်ထဲက မျက်သွားတာနဲ့ ခြေလှမ်းကြဲတွေက သူ့အနီးသို့ ပိုတိုးကပ်သွားမိသည်။
"ပြေးတာဘဲ။ မပြေးဘူးလို့များ ခင်ဗျားထင်နေလို့လား။"
မညီမညာ တုန်ခါလို့နေတဲ့ ထိုအသံလိူင်းလေးသည် ရှိုက်သံတွေကပါ ရောမပါလာလေအောင် ချုပ်ထိန်းထားမှန်း သိသာစေသည်။ ဖျတ်ခနဲ မော့ကြည့်လို့လာလေတဲ့ မျက်နှာသေးသေးလေးလေးကို မြင်လိုက်ရတဲ့ ကာလကလေးသည် စက္ကန့်ပိုင်းတောင် မကြာလိုက်။ သို့သော် စိုင်းဝေယံဆီမှ ပုန်းကွယ်ဝှက်လိုက်တဲ့ မျက်ဝန်းလေးတွေက စိုလဲ့နေတာကို သတိထားလိုက်မိပေပြီ။ ဒူးနှစ်ဖက်ကို ပိုက်ထားတဲ့ လက်ချောင်းတွေကတော့ ကျစ်ကျစ်ပါအောင် ဆုတ်ထားလျှက်။
DU LIEST GERADE
RomantikAFFECTION-နှောင်ကြိုး (Sequel)