အပိုင်း (၄၃) သီချင်းဆိုပြိုင်ပွဲ

1.5K 148 0
                                    

အပိုင်း (၄၃) သီချင်းဆိုပြိုင်ပွဲ

ဟွားကျူ့ယွီ ပြဿနာမရှာချင်ခဲ့ဘူး၊ သူမ မြောက်ပိုင်းမြို့တော်မှာ ခဏတာနေထိုင်စဉ်အတွင်း သူမရဲ့နေ့ရက်တွေကို အေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်ခဲ့တာ။ သို့သော် ရှောင်ယင်နဲ့ သုန်းချန်ကျင်းနှစ်ယောက်လုံးက သူမကို နှင်းကြာပန်း လက်ဆောင်ပေးအပ်လာခဲ့ကြတော့ မျက်တောင်တစ်ခတ်အတွင်းမှာ သူမက မြောက်ပိုင်းမြို့တော်၏ အကျော်ကြားဆုံးသူတစ်ယောက် ဖြစ်လာခဲ့ပြီ။

သူမရဲ့နှလုံးသားမှာ နောင်တတွေနဲ့ပြည့်နှက်လို့နေ၏။ လူအုပ်ကြီးထဲမှာ မည်သူတွေပုန်းလျှိုးနေမလဲဆိုတာ ဘုရားပဲ သိလိမ့်မယ်။ တောင်ပိုင်းမြို့တော်က သူလျှိုတွေလည်းရှိနေနိုင်တာမို့ သူမအပေါ်အာရုံမစိုက်အောင်လုပ်တာပဲ အကောင်းဆုံးဖြစ်လိမ့်မယ်၊ သူမ နောက်တစ်လှမ်းဆုတ်လိုက်တော့သည်။

ရလဒ်အနေဖြင့် ဒီကိစ္စကို သူမအစားဝင်ရောက်ဖြေရှင်းပေးဖို့ မျှော်လင့်ချက်နဲ့ ဟွားကျူ့ယွီ ရှောင်ယင့်ကို တစ်ချက်လှမ်းကြည့်လိုက်တယ်။

သို့သော် ရှောင်ယင်ကတော့ မျှော်လင့်ချက်တွေနဲ့တောက်ပနေတဲ့ သူမရဲ့မျက်ဝန်းတွေကို မမြင်ချင်ယောင်ဆောင်ပြီး မြင်းပေါ်မှာသာ အေးအေးလူလူဆက်လက်ထိုင်နေခဲ့သည်။ သူ့ရဲ့မျက်နှာပေါ်မှာ တည်ငြိမ်တဲ့အသွင်နှင့် ဖျော့တော့တော့အပြုံးလေးတစ်ပွင့်နှင့်အတူ ဒီပြပွဲကိုကြည့်ရှုဖို့ စောင့်စားနေတဲ့ပုံပဲ။

နှင်းကြာပန်းကိစ္စနှင့်ပတ်သက်ပြီး သူ စိတ်ဆိုးနေသေးတဲ့ပုံပဲ။

သူက တော်ဝင်မျိုးနွယ်ဖြစ်ပြီး မာနကြီးလွန်းတဲ့သူဖြစ်တာမို့ တစ်ခါမှအငြင်းမခံရလောက်ဖူးဘူး။ လူအများကလည်း သူ့ရဲ့အမျိုးသမီးဖြစ်လာဖို့ ယှဉ်ပြိုင်တိုက်ခိုက်ကြတယ်၊ သူတို့က အဆင့်နိမ့်ကျတဲ့ကိုယ်လုပ်တော်ရာထူးပဲ ပေးအပ်ခြင်းခံရရင်တောင်မှ ခါးသီးတဲ့အဆုံးသတ်အထိ ယှဉ်ပြိုင်တိုက်ခိုက်သွားကြမှာပဲဖြစ်သည်။ သို့သော် သူမကတော့ ထိုသူများအရှေ့မှာ သူ့ကို ငြင်းဆန်ရဲခဲ့သည်၊ သူမကို သူ ဒေါသမထွက်ဘဲ ဘယ်နေလိမ့်မလဲ?

Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံးWhere stories live. Discover now