အပိုင်း (၅)

2.3K 245 2
                                    

အပိုင်း (၅)

ကျင်းစဲ့ကလည်း ဟွားအိမ်တော်ရဲ့အစေခံတစ်ယောက်ပဲဖြစ်တယ်။ ဟွားအိမ်တော်ရဲ့အစေခံမိသားစုမှမွေးဖွားလာတဲ့ ထောင်စဲ့နဲ့မတူတဲ့အချက်ကတော့ ကျင်းစဲ့ဟာ လမ်းပေါ်ကနေ ဝယ်ယူလာခဲ့ခြင်းပဲဖြစ်သည်။ အဲ့ဒီအချိန်တုန်းက ဟွားကျူ့ယွီတစ်ယောက် အသက်၅နှစ်ပဲရှိသေးတာ။ သူမ အဘွားနဲ့အတူ လမ်းမပေါ်လျှောက်ပတ်ကြည့်ဖို့ ထွက်ခဲ့တော့သည်။ အဲ့အချိန်မှာ လူရမ်းကားတစ်ချို့က ကောင်မလေးတစ်ယောက်ကို ကြာပွတ်နဲ့ရိုက်နေတာကို သူမတို့ တွေ့မြင်ခဲ့ကြသည်။ ထိုကောင်မလေးက ၆နှစ်၊ ၇နှစ်လောက်ပဲရှိသေးတာ။ ကောင်မလေးဟာ စုတ်ပြဲနေတဲ့ အဝတ်အစားတွေကိုဝတ်ထားပြီး ဆံပင်တွေကလည်း ဖရိုဖရဲဖြစ်လျက် သူမရဲ့မျက်နှာနဲ့ခန္ဓာကိုယ်ပေါ်မှာ အနာတရတွေချည်း ပြည့်နှက်နေ၏။ ထို့နောက် ဟွားကျူ့ယွီရဲ့အဘွားဟာ သူမကို လူရမ်းကားတွေဆီကနေ ဝယ်ယူပြီးတော့ ဟွားအိမ်တော်ဆီ ခေါ်ဆောင်လာခဲ့တော့သည်။

သူမက သူမနဲ့ပတ်သက်ပြီးနာမည်တို့ တစ်ခြားဘာတစ်ခုမှ ပြောမလာလေတော့ အဘွားဟာ သူမကို ကျင်းစဲ့လို့နာမည်ပေးပြီး ဟွားကျူ့ယွီရဲ့ကိုယ်ပိုင် အစေခံဖြစ်လာစေခဲ့တယ်။ သူမတို့နှစ်ယောက်လုံး အတူတူကြီးပြင်းလာခဲ့တာမို့ အရမ်းကိုရင်းနှီးကြလေသည်။ ဟွားကျူ့ယွီ ဟွားအိမ်တော်ကနေ ထွက်သွားပြီးတဲ့နောက်မှာ ကျင်းစဲ့ဟာ အဘွားကိုခစားခဲ့တယ်။ ဟွားကျူ့ယွီ အဝေးရောက်နေတဲ့ဒီနှစ်တွေမှာ… ဟွားအိမ်တော်ရဲ့သခင်မလေး တက်ရောက်ဖို့လိုအပ်တဲ့ဧည့်ခံပွဲတွေကို ဟွားကျူ့ယွီရဲ့အဘွားဟာ ကျင်းစဲ့ကို ဟွားကျူ့ယွီအယောင်ဆောင်ခိုင်းပြီး တက်ရောက်ခိုင်းခဲ့လေသည်။ ထို့အတွက်ကြောင့် ကျင်းစဲ့ဟာ လူအများဂရုမပြုမိအောင် အရမ်းကိုနှုတ်ဆိတ်နေခဲ့ရတာ။ ဘယ်လိုပဲဖြစ်ဖြစ် ထိုအတွက်ကြောင့် မမျှော်လင့်ဘဲ ဟွားကျူ့ယွီရဲ့ဂုဏ်သတင်းဟာ နာမည်နာမ မကျော်ဇော၊ အရည်အချင်းမရှိ၊ ကောင်းမွန်တဲ့အကျင့်စရိုက်မရှိတဲ့မိန်းမပျိုလေးလို့သာ ဦးတည်ဖြစ်ပေါ်သွားစေခဲ့သည်။

ထိုအချက်က ဟွားကျူ့ယွီကို လက်ရှိအခြေအနေထဲရောက်အောင် ဆွဲခေါ်ခဲ့တာဟု ကျင်းစဲ့ယုံကြည်ပြီး သူမကိုယ်သူမ အပြစ်တွေတင်နေခဲ့၏။ ဒါပေါ့၊ ဟွားကျူ့ယွီကတော့ ကျင်းစဲ့ကို အပြစ်မတင်ပါဘူး၊ ဒီကိစ္စက သူမနဲ့ ဘာမှမဆိုင်ဘူးလေ။ ကျင်းစဲ့ အရမ်းကိုဝမ်းနည်းနေတာကိုမြင်တော့ သူမရဲ့ဘယ်ဖက်ပါးပြင်ပေါ်မှာ ရုပ်ဆိုးအကျည်းတန်လွန်းတဲ့ မွေးရာပါအမှတ်အသားတစ်ခုကိုရေးဆွဲပြီး ကျီဖုန့်လီကို ခြောက်လှန့်ခဲ့တာမို့လို့ဆိုပြီး ကျင်းစဲ့ကို ဟွားကျူ့ယွီလိမ်ပြောလိုက်တော့သည်။

Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံးOù les histoires vivent. Découvrez maintenant