အပိုင်း(၃)
ဟွားကျူ့ယွီရဲ့ဘယ်နှင့်ညာဖက်မှာရှိတဲ့အစေခံမလေးနှစ်ယောက်ဟာ ဟွားကျူ့ယွီက အကြောင်းပြချက်မရှိဘဲ သူမတို့ကို အဆင်မပြေအောင်လုပ်တော့မယ်လို့တွေးမိကာ အကြောက်တရားကြောင့်တုန်လှုပ်နေတာကို မရပ်တန့်နိုင်ခဲ့ဘူး။
“အပျိုစင်ဟွားမှာလည်း ပြောစရာတစ်ခုခုရှိမှာပဲ အပျိုစင်ဟွားက တော်ဝင်အမိန့်တော်ကို ငြင်းဆန်ချင်နေတာလား?!” ချန်ကုန်းကုန်းတစ်ယောက် မနှစ်မြို့ဖွယ်လေသံနဲ့ မေးလာခဲ့တယ်။
သူမ ဒီအမိန့်တော်ကိုမဖီဆန်နိုင်ရင်တောင်မှ ဖီဆန်လိုက်ဦးမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုဖီဆန်ဖို့ သူမ မစွမ်းနိုင်မှန်း ဟွားကျူ့ယွီ သိပါတယ်။ ဖင်ရှီးမှာရှိတဲ့ သူမရဲ့ဖခင်ဟွားမုက တောင်ပိုင်းတော်ဝင်ရုံးတော်အပေါ် ချစ်မြတ်နိုးကာ သစ္စာရှိလွန်းတဲ့သူတစ်ယောက်ဖြစ်တာမို့ တကယ်လို့ သူမသာ ဒီတော်ဝင်အမိန့်တော်ကိုလိုက်နာဖို့ ပျက်ကွက်ခဲ့ရင် သူမကို ခေါင်းဖြတ်ကွပ်မျက်မယ့်ပထမဆုံးသူကတော့ တစ်ခြားသူမဟုတ်ဘဲ သူမရဲ့ဖခင်သာလျှင်ဖြစ်မည်။ ဖြစ်နိုင်တာက ဒီလိုမျိုးမျက်ကန်းတစ္ဆေသစ္စာရှိမှုကြောင့်ပဲ ဘုရင်မင်းမြတ်က ဟွားအိမ်တော်ကို ဒီလိုပုံစံမျိုး ပြုမူဆက်ဆံနိုင်တာဖြစ်လိမ့်မယ်။ သူမရဲ့ဖခင်ဟာ နယ်စယ်ဒေသမှာ ရာထူးခန့်အပ်ခံခဲ့ရတယ်။ နယ်စပ်ဒေသက မတည်ငြိမ်ဆဲဖြစ်တာကြောင့် ဘုရင်မင်းမြတ်ဟာ သူ့ကို ၁၀နှစ်ကြာအောင် မြို့တော်ဆီပြန်လာခွင့်မပြုခဲ့ဘူး။ ဒီတစ်ကြိမ်မှာတော့ ဟွားမိသားစုရဲ့စစ်တပ်က အနောက်ပိုင်းလျန်မျိုးနွယ်စုကို နှိမ်နင်းတိုက်ခိုက်ရာမှာ အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့တယ်။ အနောက်ပိုင်းလျန်မျိုးနွယ်စုဟာ ရွေးချယ်စရာမရှိတော့ဘဲ သူတို့ရဲ့မြို့ကြီး၅မြို့ကို ပေးအပ်ဆက်သပြီး ငြိမ်းချမ်းရေးတောင်းဆိုလာခဲ့တော့သည်။ မြို့တော်တစ်ခုလုံးဟာ ထိုကိစ္စရပ်ကြောင့် ပျော်ပွဲရွှင်ပွဲတွေဆင်နွှဲကြပြီး ဟွားမိသားစုဟာလည်း ဆုလာဒ်အမြောက်အမြား ချီးမြှင့်ခြင်းခံခဲ့ရတယ်။
ယ ဘုရင်မင်းမြတ်ဟာလည်း ရွေးချယ်စရာမရှိတော့ဘဲ သူမရဲ့ဖခင်ကို မြို့တော်ဆီပြန်လာဖို့ ခွင့်ပြုပေးပြီး ဖင်ရှီးမြို့ရဲ့စစ်သူကြီးချုပ်ဘွဲ့တော်ကို ပေးအပ်ခဲ့ရတော့သည်။ အရည်အချင်းလည်းမရှိ၊ နာမည်နာမလည်း မကျော်ကြားတဲ့ ဟွားမုရဲ့ဣနြေ္ဒရှိလှတဲ့ဒီသမီးဟာလည်း လူတိုင်းအားကျလောက်ရတဲ့ မင်္ဂလာပွဲတစ်ပွဲ ချီးမြှင့်ခြင်းခံခဲ့ရတော့သည်။
ESTÁS LEYENDO
Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံး
Ficción históricaFeng Yin Tian Xia (ပုန်းလျှိုးနေသောဖီးနစ်မင်းသား) Author - 月出云 မြန်မာဘာသာပြန် - My Novel Dramaအနေနဲ့ဆိုရင် Love under the floral rainနာမည်နှင့် Sebrina Chenနဲ့ Leon Leongတို့ အဓိကပါဝင်သရုပ်ဆောင်ရိုက်ကူးနေပါတယ် အပတ်စဉ် တနင်္ဂလာနှင့် သောကြာနေ့တိုင်း...