အပိုင်း (၇)

2K 261 2
                                    

အပိုင်း (၇)

“ဒီနေ့ည ကျွန်တော်တို့ညီအကိုတွေ တကယ့်ကိုကံကောင်းကြတာပဲ မြို့တော်ရဲ့တော်ဝင်မိသားစုကနေမွေးဖွားလာတဲ့ မိန်းမပျိုလေးကို မြည်းစမ်းခွင့်ရနိုင်တော့မယ် ဟားဟား…”ဟု တစ်ခြားယောက်ျားတစ်ယောက်က ပြောလာ၏။

ဟွားကျူ့ယွီတစ်ယောက် နှင်းတွေနဲ့ဖုံးကွယ်ခံထားရတာတောင်မှ ထိုအသံထဲမှဆိုးသွမ်းတဲ့ရမ္မက်လောဘတွေကို ကြားနေနိုင်သေး၏။

ဟွားကျူ့ယွီရဲ့ခန္ဓာကိုယ်ပတ်ချာလည်ဟာ အေးစက်လို့နေပေမဲ့ နှလုံးသားကတော့ ဒေါသမီးလျှံတွေနဲ့ တောက်လောင်လို့နေသည်။
သူမရဲ့ကိုယ်တွင်းကအတွင်းအားကို စီးဆင်းလာဖို့ကြိုးစားလုပ်ဆောင်လိုက်ပေမဲ့ ပင်မအတွင်းအားဟာ လုံးဝကို ပျောက်ကွယ်လို့နေပြီး အတွင်းအားစီးဆင်းရာလမ်းကြောင်းတွေဟာ အချိန်မရွေးပေါက်ကွဲထွက်တော့မယ့်အတိုင်း မခံမရပ်နိုင်တဲ့စူးရှနာကျင်မှုကိုသာ ခံစားနေရ၏။

လက်မခံချင်သေးတာနဲ့ သူမ ထပ်ခါထပ်ခါအကြိမ်ပေါင်းများစွာ ကြိုးစားပြန်သည်။ ပင်မအတွင်းအားထဲသို့ အအေးဓာတ်စွမ်းအင်တစ်ခု ဖြည်းဖြည်းချင်းတိုးဝင်ရောက်လို့လာပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ သူမရဲ့ခန္ဓာကိုယ်အနှံ့စီဆင်းပြန့်နှံ့သွားကာ အကျိုးရလဒ်အနေနဲ့ သူမရဲ့ခြေတွေလက်တွေက ပိုပြီးတောင်အားအင်ချည့်နဲ့လို့လာတော့သည်။

ဒါက ဘယ်လိုအဆိပ်မျိုးလဲ? အကြောပျော့အဆိပ်နဲ့တူလှပေမဲ့ ဖယ်ရှားလို့မရနိုင်ဖြစ်နေတယ်။

မုန်းတယ်!

သူမ ဒီလိုမျိုး လူတစ်ယောက်ကို တစ်ခါမှ မမုန်းဖူးဘူး။

သူမ ကျီဖုန့်လီကို မုန်းတယ်!

သူမကိုယ်သူမလည်း မုန်းမိတယ်။ သူမ ကျင်းစဲ့ကို သူမနောက်လိုက်ဖို့ ခွင့်မပြုခဲ့သင့်ဘူး။ သူမ ကျင်းစဲ့ကို ထောင်စဲ့နဲ့အတူ ပြန်လွှတ်လိုက်သင့်တာ။ ကျင်းစဲ့ရဲ့ကိုယ်ခံပညာက ကျွမ်းကျင်စွာလေ့ကျင့်ခံထားရတဲ့ ဒီလူသတ်သမားတွေနဲ့ ယှဉ်နိုင်မှာမဟုတ်ဘူး။

ကျင်းစဲ့…

မင်းတို့ သူမကို မထိနဲ့။ သူမကို မနာကျင်စေနဲ့!
ဟွားကျူ့ယွီ ပါးစပ်ကိုဖွင့်ပြီး အချည်းနှီးဟစ်အော်နေမိ၏၊ သူမရဲ့နှုတ်ခမ်းသားတွေက ပြင်းထန်စွာတုန်ရီလျက်ရှိပြီး၊ အသံကြောပိတ်ထားခံရတာကြောင့် သူမရဲ့လည်ချောင်းကနေ ကျီးအာသံလိုကွဲရှရှအသံတစ်သံကလွဲပြီး ကြည်လင်ပြတ်သားတဲ့အသံတစ်သံမှ ထွက်မလာခဲ့ဘူး။ လက်နှစ်ဖက်လုံးတုန်လှုပ်လျက် သူမကိုဖုံးလွှမ်းထားတဲ့ နှင်းတွေကို တဖြည်းဖြည်းချင်း ခက်ခက်ခဲခဲ ခါထုတ်ဖို့ကြိုးစားလိုက်တယ်။

Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံးNơi câu chuyện tồn tại. Hãy khám phá bây giờ