အပိုင်း (၄၄) အနမ်းသူခိုး

1.7K 159 0
                                    

အပိုင်း (၄၄) အနမ်းသူခိုး

သီချင်းပြီးဆုံးသွားတာနဲ့ ဟွားကျူ့ယွီ ထိုင်ခုံဆီသို့ပြန်လေသည်။ သူမ ဘေးဘီကိုလှည့်ကြည့်လိုက်တော့ လူတိုင်းဟာ မှင်သက်နေကြဆဲဖြစ်တယ်ဆိုတာကို သဘောပေါက်မိ၏။ ဘုရင်မင်းမြတ်ဟာ သူ့ရဲ့ထိုင်ခုံပေါ်မှာပဲ နှုတ်ဆိတ်စွာ ထိုင်လို့နေစဉ် ကိုယ်လုပ်တော်ယဲ့ကတော့ သူမကို စိတ်ဝင်တစားလှမ်းကြည့်လာ၏။ ရှန့်ဝမ်တစ်ယောက်ကတော့ သူ့ရဲ့မုတ်ဆိတ်ကြီးကိုပွတ်ရင်း အံ့အားသင့်တဲ့အမူအယာကို ထုတ်ဖော်ပြသနေခဲ့သည်။

လူတိုင်းဟာလည်း ခုလေးတင်မှပြီးဆုံးသွားတဲ့သီချင်းထဲမှာ မျောလွင့်လို့နေကြတုန်း။

ရှောင်ယင့်လက်ထဲကဝိုင်ခွက်တောင် စောင်းလို့သွား၏။ ဝိုင်တွေ အောက်သို့တစိမ့်စိမ့်စီးကျသွားပေမဲ့ သူ လုံးဝကြီးလစ်လျူရှုနေလိုက်တယ်။ ကြည်လင်တောက်ပတဲ့သူ့ရဲ့မျက်ဝန်းတစ်စုံက သူမကိုသာ ငေးစိုက်ကြည့်လျက်။ တစ်ခြားတစ်ဖက်မှာတော့ သုန်းချန်ကျင်းတစ်ယောက်ဟာ သူ့ရဲ့ထိုင်ခုံပေါ်မှာပဲ မှီလျက်ရှိနေခဲ့သည်။ လက်တစ်ဖက်နှင့် မေးကိုထောက်ထားလျက် အတွေးတွေထဲ မျောနေဟန်တူ၏။

ချီချီကောတစ်ယောက် အသတ်ခံလိုက်ရသည့် ကြက်ကလေးတစ်ကောင်လိုဖြစ်လို့သွားသည်။ ဘုရင်မင်းမြတ်၏ အဆုံးအဖြတ်မပါဘဲနဲ့တောင်မှ သူမ ဟွားကျူ့ယွီကိုရှုံးသွားပြီမှန်း သိနေ၏၊ သို့သော် သူမ မကျေနပ်သေးဘူး။ မတ်တပ်ထရပ်ပြီး ဘုရင်မင်းမြတ်ရှေ့လျှောက်သွားကာ ပြောကြားလိုက်တယ်၊ "အရှင်မင်းကြီး ချီချီကော သူမနဲ့ အကပြိုင်ချင်သေးပါတယ်" သူမ ဒုတိယအကြိမ်ရှုံးနိမ့်မယ်လို့ မယုံကြည်ထားဘူး။

"ဒီနေ့ မင်းရဲ့အဓိပ္ပါယ်မရှိမှုတွေ တော်လောက်ပြီမဟုတ်ဘူးလား?" ဟူဝတ်စုံကိုဆင်မြန်းထားတဲ့ အသက်လတ်ပိုင်းအရွယ် ယောက်ျားကြီးတစ်ယောက်က ရှေ့သို့ထွက်လာပြီး ဘုရင်မင်းမြတ်ရှေ့မှာဒူးထောက်ရင်း ဆိုလေသည်၊ "အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့သမီးတော်ကို ပြန်ခေါ်သွားခွင့်ပြုပါ"

မြောက်ပိုင်း၏ဘုရင်မင်းမြတ်ဟာ လက်ကိုဝှေ့ယမ်းပြီး ထိုသူအား ချီချီကောကိုပြန်ခေါ်သွားဖို့ အချက်ပြပြီးနောက် ဟွားကျူ့ယွီဆီသို့ အကြည့်ရွှေ့လာခဲ့သည်။ ခဏလောက်ကြာပြီးနောက် သူ ကြေညာချက်ထုတ်ပြန်လာသည်၊ "ဒီပြိုင်ပွဲမှာ သခင်မလေးသန်းဟုန် အနိုင်ရပါတယ်" သူမကို သူ လက်ဆောင်ပစ္စည်းတစ်ချို့နှင့် လက်ဝတ်ရတနာတွေ ဆုတော်အဖြစ်ပေးအပ်လေသည်။ ထို့နောက် နဖူးပေါ် လက်တင်၍ပင်ပန်းဟန်ပြပြီး သူ့ရဲ့ခြွေရံသင်းပင်းတွေ၊ ကိုယ်လုပ်တော်တွေနဲ့ ပြန်တော်မူသည်။

Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံးDonde viven las historias. Descúbrelo ahora