အပိုင်း (၅၅) အခွဲ-၂
နိုးထလာတော့ ရှောင်ယင်တစ်ယောက် မျက်မှောင်ကြုတ်ရင်း ပုခုံးသားပေါ်မှာ တဆစ်ဆစ်နာကျင်မှုကို ခံစားလိုက်ရသည်။ ထို့နောက် သူ ဘေးပတ်လည်သို့ငေးကြည့်ပြီး မျက်နှာအမူအယာက တဖြည်းဖြည်းချင်း မည်းမှောင်သွားတော့သည်။ မတ်တပ်ထရပ်လိုက်တော့ ယခင်က သူ ခေါင်းအုံးပျော့လေးတစ်လုံးပေါ်မှာ လဲလျောင်းနေမိမှန်းသိသွား၏။ ဒီအခန်းက သူမရဲ့အခန်းဆိုတာသေချာပါတယ်၊ စားပွဲပေါ်မှာ မတူကွဲပြားတဲ့ပါးနီတွေအများကြီးရှိလို့နေပြီး သူ့ခြေထောက်ဘေးကမြေပြင်ပေါ်မှာတောင် ပါးနီတစ်ချို့ကျသေးသည်။
သူ့့ရဲ့အတွေးထဲမှာ မွှေးပျံ့တဲ့ပုံရိပ်လေးတွေ ဖြည်းဖြည်းချင်း တဝဲလည်လည်ဖြစ်လို့လာပြီး သူ လက်ကိုမြှောက်ကာ နဖူးကိုနှိပ်နှယ်လိုက်တယ်။ မနေ့ညက သူ ဝိုင်သောက်ရင်း လရှုစားနေခဲ့တာ။ သူ ဘယ်လောက်များများ သောက်ခဲ့မိမှန်း မသိတော့ပေမဲ့ မနက်မိုးလင်းလာတာနဲ့တပြိုင်နက် သူ့ရဲ့လက်ထဲကဝိုင်ခွက်ကိုသိမ်းယူဖို့ ဟွေရွှယ် ရှေ့သို့လှမ်းလာခဲ့သည်။
သူ ဘယ်လောက်များများ သောက်လိုက်လဲ မမှတ်မိတော့ပေမဲ့ သူက တော်ရုံနဲ့မူးတတ်တဲ့သူ မဟုတ်ဘူး၊ မူးရူးသွားအောင်ထိလည်း သောက်ခဲတယ်၊ သို့သော် မနေ့ညကတော့ သူ လုံးဝကြီးမူးသွားခဲ့တယ်။
တစ်ခါတစ်လေ လူတစ်ယောက်ကို မူးရူးအောင်လုပ်နိုင်တဲ့အရာက ဝိုင်မဟုတ်ဘဲ သောက်သုံးသူကိုယ်တိုင်ရဲ့ စိတ်အခြေအနေပဲဖြစ်သည်။ မနေ့ညက သူ သိပ်မပျော်ခဲ့ဘူး။ ဝိုင်က သူ့ကို မူးမသွားစေပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူ မူးသွားခဲ့တယ်။
လက်ထဲကခေါင်းအုံးကို တွေဝေငေးမောစွာ ကိုင်ထားနေမိ၏။ သူမ,ဖြစ်ဟန်တူသည့် နူးညံ့မွှေးပျံ့တဲ့ပုံရိပ်လေးပေါ် လဲမှီလိုက်မှန်း သူ ပြန်မှတ်မိသွားတယ်။ အရမ်းကိုသက်တောင့်သက်သာဖြစ်လွန်းလို့ သူ လဲချလိုက်တာနဲ့ အလျင်အမြန်အိပ်ပျော်သွားပြီး ပျော်ရွှင်သုခပြည့်စုံတဲ့အိပ်မက်လေးတစ်ခုကိုတောင် မက်မိသွားသေးသည်။
သို့သော် နိုးထလာပြီးတဲ့နောက် အိပ်မက်ဟာ တစ်စစီပြန့်ကြဲသွားပြီ၊ သူမကလည်း သူ့ရဲ့နံဘေးမှာ ထပ်မရှိတော့ဘူး။

YOU ARE READING
Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံး
Historical FictionFeng Yin Tian Xia (ပုန်းလျှိုးနေသောဖီးနစ်မင်းသား) Author - 月出云 မြန်မာဘာသာပြန် - My Novel Dramaအနေနဲ့ဆိုရင် Love under the floral rainနာမည်နှင့် Sebrina Chenနဲ့ Leon Leongတို့ အဓိကပါဝင်သရုပ်ဆောင်ရိုက်ကူးနေပါတယ် အပတ်စဉ် တနင်္ဂလာနှင့် သောကြာနေ့တိုင်း...