အပိုင်း (၅၇) စဆုံး
အခွဲ-၁
ဟွမ်ဖူဝူရွှမ်းက တကယ့်ကိုရက်စက်ကြမ်းကြုတ်တဲ့သူဖြစ်တယ်၊ ဟွားကျူ့ယွီကို တကယ်ပဲ ၃ရက်တိတိ အစာငတ်ထားခဲ့တယ်။
သူမ အခန်းထဲကထွက်လာတဲ့အချိန်မှာ ရင်ဘတ်လေးတောင် နောက်ကျောထိကပ်သွားသလိုမျိုး အရမ်းကိုဆာလောင်နေခဲ့တယ်။ သူမကိုကူညီထောက်ပံ့ပေးမယ့်အတွင်းအားသာမရှိခဲ့ဘူးဆိုရင် သူမ အစောကြီးကတည်းက မေ့လဲသွားလောက်မှာစိုးရိမ်ရတယ်။ သူမ အပြင်သို့ထွက်တဲ့အချိန်မှာ နေ့လည်စာစားချိန်မဟုတ်သေးပင်မဲ့ ကံကောင်းစွာပဲ ကြင်နာတတ်တဲ့ကျီရှန်းက သူမအတွက် စားစရာတစ်ချို့ ချန်ထားပေးလေသည်။
ဟွားကျူ့ယွီ အစာကို အလျင်အမြန်အငမ်းမရစားပြီး ရေတစ်ခွက်သောက်ပြီးနောက်မှာ ဟွမ်ဖူဝူရွှမ်းက သူမကို ဆင့်ခေါ်လာတယ်လို့ ကုန်းကုန်းလေးတစ်ယောက်မှ သတင်းပေးလာခဲ့သည်။
ဟွားကျူ့ယွီ ထိုကုန်းကုန်းလေးနောက် လိုက်သွားပြီး အရှေ့နန်းတော်၏အနောက်ဘက်ဥယျာဉ်ဆီသို့ ဝင်ရောက်လာခဲ့သည်။ ပန်းဥယျာဉ်ကိုကျော်သွားတော့ တစ်ခြားလက်နက်တွေနဲ့ ဓါးတွေအမြောက်အမြားရှိနေတဲ့ ကွင်းပြင်ကျယ်ကြီးကို တွေ့လိုက်ရသည်၊ သဲအိတ်တစ်ချို့တောင် ရှိနေသေးသည်။ ထိုနေရာက ဟွမ်ဖူဝူရွှမ်း သိုင်းလေ့ကျင့်တဲ့နေရာဖြစ်လောက်တယ်။
သို့သော် လက်ရှိအချိန်မှာတော့ ဟွမ်ဖူဝူရွှမ်းဟာ သိုင်းလေ့ကျင့်မနေဘဲ ဝါးထိုင်ခုံပုလေးတစ်ခုပေါ်မှာ ထိုင်ကာ အကြောင်းတစ်ခုနဲ့ အတော်လေးအလုပ်ရှုပ်နေခဲ့သည်၊ သူ့ရဲ့နံဘေးမှာ ပိုးသားစာရွက်တွေ၊ ဝါးတုတ်ချောင်းလေးတွေ၊ ဌက်မွှေးလေးတွေနဲ့ တစ်ခြားပစ္စည်းတွေရှိနေကြသည်။
ကုန်းကုန်းတစ်ချို့နဲ့ အစေခံမလေးတွေက သူ့ရဲ့နံဘေးမှာ ဝန်းခြံရံနေပြီး၊ တစ်ချို့က သူ့ကို ဝါးချောင်းလေးတွေ ကမ်းပေးနေကြစဉ် တစ်ချို့ကတော့ သူ့ကို ကော်နှင့်ကပ်ထားပြီးဖြစ်သည့် ပိုးသားစာရွက်လေးတွေ ကမ်းပေးနေကြသည်။

YOU ARE READING
Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံး
Historical FictionFeng Yin Tian Xia (ပုန်းလျှိုးနေသောဖီးနစ်မင်းသား) Author - 月出云 မြန်မာဘာသာပြန် - My Novel Dramaအနေနဲ့ဆိုရင် Love under the floral rainနာမည်နှင့် Sebrina Chenနဲ့ Leon Leongတို့ အဓိကပါဝင်သရုပ်ဆောင်ရိုက်ကူးနေပါတယ် အပတ်စဉ် တနင်္ဂလာနှင့် သောကြာနေ့တိုင်း...