CHAPTER [ 37 ]

14.5K 1.7K 420
                                    

ညလေတဖြူးဖြူးတိုက် လျက်ရှိသော လေသာဆောင်။

ဝရန်တာ လက်ရန်းပေါ် ၌လက်တင်ကာ Noah ရောက်တတ်ရာရာ ငေးနေမိသည်။
တိတ်ဆိတ်နေသည့် ပါတ်ဝန်းကျင်တွင် မီးရောင်ပျပျ မြင်ရသည့် ပင်လယ်ဖက်မှ လှိုင်းပုတ်သံကိုပင် ကြားရ၏။

ရင်ထဲ တင်းကျပ်နေတာတွေ ပြေလျော့သွားလေမလား တွေးကာ သူ ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး ရှပ်အင်္ကျီကိုပါ ကြယ်သီးသုံးလုံးလောက်ဟလိုက်သည်။ စီးကရက်တစ်လိပ်လောက် ဖွာချင်သော်လည်း အလုပ်ချိန်ဆို သူ သောက်လေ့ မရှိပေ။

စိတ်ထဲ၌ တစ်စုံတစ်ရာ လွှဲမှားနေသလို ခံစားရပြီး သူ Daddy အနားမှာ ရှိနေရတာတောင်
အပြည့်အဝ မပျော်ရွှင်နိုင် ဖြစ်နေဆဲ။

Daddyက ချစ်ခွင့်ပေးထားသော်လည်း သူက ရင်ထဲ နေရာမယူနိုင်သလို။

"ဘာတွေ တွေးနေတာလဲ"

ဝရန်တာကို ခါးကပ်မှီလိုက်ရင်း Daddy က သူ့အား မေးလာခဲ့သည်။ အကြည့်ချင်းဆုံတိုင်း ရင်တလှပ်လှပ် ခုန်ရတာ Noah ဖက်က ပဲလား။ သမုဒ္ဒရာလို နက်ရှိုင်းသော မျက်ဝန်းတွေကို သူ နားလည်ချင်မိသည်။

"ဒီလိုပါပဲ"

သူကိုယ်တိုင်လည်း သူ့အတွေးတွေကို လိုက်မမှီတော့ပါ။ အစောက Lord Eric ကို တခြားတစ်ယောက်နှင့် တွဲ မမြင်ချင်၍ ရှောင်ထွက်လာခဲ့ခြင်း။ ခု သူ့နောက် လိုက်လာတဲ့ Lord Eric ကြောင့် ကြည်နူးမှုမှတစ်ပါး ကျန်တာ မခံစားရတော့ပြန်။

"ကိုယ့်ကို စိတ်ကောက်သွားတယ်လို့ ထင်တာ
မဟုတ်ဘူးလား"

သူ့မျက်နှာကို စေ့စေ့စပ်စပ်ကြည့်နေသည့်
မျက်ဝန်းတွေဟာ ရီဝေနေသယောင်။ လေ ပြည်တစ်ချက်သင်းသည့်အခါ Daddy ဆီမှ ဝိုင်နံ့ပြင်းပြင်းရ၏။ ရင်ခွင်ထဲ ဝင်တိုးချင်မိလောက်သော ဆွဲဆောင်မှု။

"ကျွန်တော် Daddy ကို စိတ်မကောက်ရဲပါဘူး"

နှုတ်ခမ်းထောင့်စွန်းလေး ကော့တက်သွားမှုကအစ Noah ချစ်မြတ်နိုးရတာပါ။ ဒီလူကို စိတ်ဆိုးဖို့ဆိုသည်မှာ တွေးတောင် မတွေးမိသည့်အရာ။

"နှစ်ယောက်တည်း ရှိတဲ့အချိန် Eric လို့ပဲ ခေါ်"

Daddy ဆိုတာ နှုတ်ကျိုးနေခဲ့သည့်တိုင် အလုပ်ချိန်တွင်း နှစ်ကိုယ်ကြား စကားတွေ ပြောရန် သူ မဝံ့ရဲတာ အမှန်။ လူမြင်ကွင်းဆို ပိုလို့ သတိထားပြီး Daddy မျက်နှာကို ကြာကြာ မကြည့်မိအောင် သူ့စိတ်သူ ထိန်းရတာပင်။

RAYWhere stories live. Discover now