"Noah က ကျွန်တော်နဲ့Deanကို တာဝန်တွေ ခဏ လွှဲခဲ့ပါတယ်...ကျွန်တော်တို့ ကြိုးစားပြီး လုပ်နေပါတယ်"
"ခဏ?"
"ဟုတ်ကဲ့...မကြာခင် ပြန်လာမယ်လို့ ပြောပါတယ်"
"Mansion ကို အကြောင်းမကြားတာက အပြစ်ပဲ"
"Noah ဘယ်တုန်းကမှ စည်းမဖောက်ဖူးပါဘူး Daddy...တစ်ကြိမ်တစ်ခါ အမှားကို ခွင့်လွှတ်ပေးပါ"
သွေးစည်းလွန်းသည့် ဒီကောင်လေးတွေက တစ်ယောက်ကို တစ်ယောက် ကာကွယ်တတ်ကြသည်။
"ဘယ်ကို သွားတာလဲ"
"နောက်ဆုံးပြတဲ့ Data က Sydney ပါ"
ဘာလို့ Sydney ကိုလဲ?
Sydney က သူ့ရဲ့မွေးရပ်မြေဖြစ်သည်။
"Location အတိအကျကို သိချင်တယ်"
"ဟုတ်ကဲ့"
လွန်ခဲ့တဲ့ညက သူ နဲ့ စကားပြောပြီး နောက်နေ့ မနက် ခြေရာ ဖျောက်သွားတာ ဖြစ်သည်။
သူ Hongkong က ပြန်ရောက်မှ Noah ပျောက်နေမှန်း သိခြင်း။
ဘယ််တုန်းကမှ တာဝန် မလစ်ဟင်းတတ်တဲ့ကောင်လေးက သူပြောလိုက်သည့် စကား ကြောင့် ခံစားသွားရသည်ထင်၏။
ခုခေတ် ကလေးတွေက နားလည်ရခက်သည်။
"Noah က Hunter Valley မှာ အိမ်ဝယ်ထားပုံပါပဲ"
Meeting Room ထဲက ထွက်လာစဥ်တွင် သူ့ အတွင်းရေးမှူးက သတင်းပို့သည်။
"ပြီးတော့ Ray နေမကောင်းပါဘူး"
Factory သို့ ဦးတည်နေသော သူ့ ခြေလှမ်းတွေ ရပ်တန့်သွား၏။
"ညနေဖက် ဖိတ်ထားတဲ့ Party ကို ကိုယ်စားတက်လိုက်ပါ"
"ဟုတ်ကဲ့ Boss"
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
တစ်နာရီကျော် Flight စီးပြီးနောက် California ကို ဆိုက်ရောက်ချိန်က ညခုနှစ်နာရီ။
သူ Villa ကို ရောက်သွားတော့ Ray က အိမ်ပေါ်ထပ်မှ ပြေးဆင်းလာ၏။
"Eric!"
မျက်နှာက ဖြူလျော်နေသော်လည်း အိပ်ယာထဲ လဲမနေ၍ တော်သေးသည်။
