ဘဝက ခန့်မှန်းရခက်တယ်။ သူမ၏ခင်ပွန်းဖြစ်သူက သူမရဲ့အစ်မကိုချစ်မြတ်နိုးပြီး သူမကိုဧကရီအဖြစ်ကနေနန်းချကာ သူမ၏သားကိုပါသေစေခဲ့သည်။ အအေးနန်းဆောင်အတွင်းမှာ သူမကိုအဆိပ်အရက်သောက်စေခဲ့သည်။ နောက်ဘဝမှာတော့သူမဆုံးဖြတ်လိုက်တယ်။ ဘယ်တော့မှ သူများတွေကိုကူညီပြီးကောင်းမှုကုသိုလ်တွေကိုမလုပ်တော့ဘူး! ဘယ်တော့မှနန်းတွင်းထဲကိုဝင်လာပြီး ဧကရီဖြစ်မလာစေရဘူး!
အမတ်ချုပ်ကြီးရဲ့အိမ်တော်မှာ ကိုယ်လုပ်တော်ရဲ့သမီးက နတ်ဆိုးကဝေတစ်ပါးအဖြစ် ပြန်လည်မွေးဖွားလာခဲ့ပြီ!
ယုတ်ညံ့တဲ့မေမေလေးလား? ငရဲကို ရောက်အောင်ပို့ဆောင်ပေးမယ်!
မျက်နှာ၂ဖက်နဲ့ ကြောင်သူတော် အမေကွဲအစ်မလား? နင့်ရဲ့လှပတဲ့မျက်နှာလေးကို တစ်စစီဆွဲဆုတ်ပစ်ပေးမယ်!
အကြံသမား အမေကွဲညီမလား? အုတ်ဂူထဲထိရောက်အောင် လုပ်ပေးမယ်!
နင်တို့တွေက ငါ့ကိုအေးအေးချမ်းချမ်းမရှင်သန်စေချင်ခဲ့ဘူးမလား? ဒါဆိုရင်တော့ ထပ်တူညီတဲ့ တန်ဖိုးကိုလည်း ပြန်ပြီးမျှော်လင့်ထားသင့်တယ်လေ!
အစကတော့ သူမကမုန်တိုင်းတွေရဲ့အဝေးမှာ နေနိုင်သလောက်နေမလို့ပဲ။ ဒါပေမယ့်ယောကျာ်းတစ်ယောက်ရဲ့နှလုံးသားဆိုတာက ပင်လယ်ပြင်မှာအပ်ပျောက်ရှာရခက်သလိုမျိုး နားလည်ဖို့လည်းခဲယဉ်းလှတယ်။
သူမကို ဖျက်စီးပစ်မယ်လို့ကျိန်ဆိုခဲ့ဖူးတဲ့ ယောကျာ်းက သူမ မရှိလို့မဖြစ်တဲ့လူမျိုးဖြစ်လာခဲ့တယ်။
အတိတ်ဘဝက သူမရဲ့ရန်သူဖြစ်ဖူးတဲ့လူက သူမအပေါ် ခံစားချက်တွေဖွင့်ဟဝန်ခံခဲ့တယ်။
ပိုဆိုးတာကတော့ လက်လျှော့တယ်ဆိုတာကို မသိနားမလည်လောက်အောင် အရေထူပြီးခန့်ညားတဲ့ယောကျာ်းက သူမကိုစိတ်ရူပ်စေတာပဲ။
YOU ARE READING
လီဝေ့ရန် (Zawgyi)
Historical FictionOriginal Name: Princess Wei Yang/Concubine's daughter is Poisonous Original Author : Qin Jian Genre : Drama, Mature, Josei, Romance This is not my own work, so I give full credits to original author and eng translators...