ဝေ့ရန်သည် လီမင်တိကြောင့် အံ့အားသင့်သွားရသည်။ ဒီအခိုက်အတန့်လေးမှာ၊ ဒီကောင်လေးက သူမကို ထူးဆန်းတဲ့ပုံရိပ်တစ်ခုပြနေတယ်လို့ ခံစားရတယ်။
“မင်တိ…” လီဝေ့ရန်က
“ကြည့်ရတာ မင်းရဲ့သရုပ်မှန်ကို တို့ကို ဘယ်တော့မှ မသိစေချင်သလိုပဲ”
လီမင်တိသည် ထိုစကားကိုကြားလိုက်ရတော့ အံ့အားသင့်သွားပြီး ချက်ချင်းပင် သူမ၏အနားသို့တိုးလာသည်။ တောက်ပသော ဖယောင်းတိုင်မီးသည် သူ၏ကျောက်စိမ်းရောင်ဖျော့ဖျော့ ပါးပြင်ပေါ်သို့ကျရောက်နေသည်။ သူ့မျက်တောင်တွေကတဖျတ်ဖျတ်နဲ့
"မမက တကယ်သိချင်တာလား?"
လီဝေ့ရန်က တည်တံ့စွာ ခေါင်းညိတ်ပြပြီးနောက် ပြတင်းပေါက်ကိုလှမ်းကြည့်ကာ
“အခုအချိန်က ပြောလို့ကောင်းတဲ့ အချိန်တော့ မဟုတ်ဘူးမလား?”
လီမင်တိက ခပ်လွင်လွင်ရယ်မောလိုက်ရင်း “သူတို့လား? အဲ့ကိစ္စကအရေးမကြီးပါဘူး”
သူက ကျောင်းနန်ကိုသိပ်အထင်မကြီးချေ။
“မမသာ သိချင်ရင်…”
သူ့အပြုံးက ထူးဆန်းတယ်လို့ လီဝေ့ရန်က ခံစားရတယ်။ သူက ခုနလေးကတင် တက်ကြွနေပေမယ့် သူ့သရုပ်မှန်အကြောင်းမေးတဲ့အခါ သူ့အမူအရာက အထီးကျန်ဆန်နေနေပုံပဲ။ သူကပြုံးနေပေမယ့်လည်း ဝမ်းနည်းမှုတွေရှိနေတယ်။ သူများ ငိုတော့မလားလို့ သူမကထူးထူးဆန်းဆန်းခံစားလိုက်ရသည်။
"မင်း တို့ကိုမပြောပြချင်သေးရင်လည်း မင်းစပြီးမပြောပြချင်း တို့ဒီတိုင်းပဲနေပါ့မယ်...."ဟု လီဝေ့ရန်က ဖြည်းညှင်းစွာပြောလိုက်သည်။
ထိုအချိန်တွင် အပြင်ဘက်မှ ကျောက်နဉ်က
"သခင်လေး၊ ခေါင်းဆောင်ကလွဲရင် အပြင်ကလူတွေအားလုံးကို ပြေလည်အောင်ရှင်းပြီးသွားပါပြီ" ဟု အံကိုကြိတ်သံဖြင့် ပြောလာသည်။
ကျောင်းနန်က အလျင်အမြန်ပြန်ဆုတ်ခွာသွားသဖြင့် သူ့ကိုဖမ်းဆီးဖို့ပျက်ကွက်သွားရတယ်။
YOU ARE READING
လီဝေ့ရန် (Zawgyi)
Ficción históricaOriginal Name: Princess Wei Yang/Concubine's daughter is Poisonous Original Author : Qin Jian Genre : Drama, Mature, Josei, Romance This is not my own work, so I give full credits to original author and eng translators...