133.1.အဆင်မပြတ်​​ထောင်​ချောက်များ

113 19 2
                                        

တော်ဝင်သမား​တော်ဝမ်က ရုတ်တရက်ပြောလာသည်မှာ

"လီသခင်မကြီး၊ အရင်တစ်ခါက ပထမသခင်မရဲ့ သွေးခုန်နှုန်းကို ကျုပ်စစ်ဆေးခဲ့တော့ ကိုယ်ဝန်က တတိယလမှာ တည်ငြိမ်နေခဲ့သားပါ။ အခု ဒီလိုမျိုးဖြစ်သွားရတာ ဘာအကြောင်းကြောင့်များလဲလို့ တွေးမိတယ်....”

ဒါကိုကြားတော့ အထိန်း​တော်ရုန်က “တော်ဝင်သမားတော်ဝမ်။ မင်းက ဒါကို တစ်​ယောက်​ယောက် ဝင်နှောင့်တယ်လို့ ဆိုလိုချင်တာလား?”

"ပထမသခင်မက အမြဲလိုလို ကျန်းမာရေးကောင်းတယ်။ ကလေးကလည်း ကျန်းမာတယ်။ ဒါက ရုတ်တရက်ကြီး ဘယ်လိုဖြစ်သွားရတာလဲ? သူမက အ​စေခံမ​လေးကို ဒေါသတကြီးဖြစ်ရတာကြောင့်နဲ့​တော့ ဒီလိုဖြစ်သွားရတာ အဓိပ္ပါယ်မရှိဘူး” ဟု တော်ဝင်သမား​တော်ဝမ်က ရှင်းပြသည်။

သူသည် အတွေ့အကြုံရှိသူဖြစ်သည်။ သူသည် နန်းတော်တွင် ဤကဲ့သို့ မကြာခဏဖြစ်ပျက်ခဲ့တာမျိုးကြုံဆုံဖူးသဖြင့် အထိတ်တလန့်​တော့မရှိဘူး။ ဒါက သူနဲ့ဘာမှမဆိုင်ဘူးဆိုပေမယ့် လီသခင်မကြီးက အဲဒီအ​စေခံကို သေအောင်ရိုက်သတ်​စေချင်နေ​တော့ သမား​တော်တစ်ယောက်အနေနဲ့ သူသဘောမတူနိုင်ဘူး။ အကယ်၍ အခြားသူများက လီပထမသခင်မ၏ကလေးအား အန္တရာယ်ပြုစေပြီး အပြစ်မဲ့အ​စေခံမ​လေးကို သေစေတယ်ဆိုလျှင်......ဒီအ​ကြောင်း​ကြောင့် လီမိသားစုအား သူတို့၏နောက်ဆုံးသောဆုံးဖြတ်ချက် မချမီ သတိပေးရန်မျှော်လင့်မိကာ စကားထုတ်ပြောဖို့ ရွေးချယ်လိုက်ခြင်းဖြစ်သည်။

ထိုအချိန်တွင် အိပ်ရာပေါ်တွင် လဲလျောင်းနေသော ကျောင်းယွိလန်သည် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လာသည်။

“သခင်ကြီး၊ ကျွန်မအတွက် တရားမျှတမှုကို ရှာပေးပါ! ဒီကလေးက ကောင်းကောင်းမွန်မွန်ရှိ​နေခဲ့တာပါ။ တစ်ညနေခင်းတောင်မကြာ​သေးတာကို ဒါက တစ်ယောက်ယောက်က ကျွန်မကို တမင်တကာ ထိခိုက်စေခဲ့တာပဲ ဖြစ်ရမယ်!"

မျက်ရည်တွေကိုသုတ်ရင်း အထိန်း​တော်ရုန်က

"သခင်မ၊ ဘာမှထပ်မပြောပါနဲ့​တော့! မြန်မြန်အနားယူပြီး ခန္ဓာကိုယ်ကိုသာ ဂရုစိုက်နေပါ”

လီ​ဝေ့ရန် (Zawgyi)Where stories live. Discover now