119.ကံ​ကောင်း​သောကြယ်တာရာ၏​သေဆုံးမှု

202 34 5
                                    

နဝမမင်းသမီးလေးသည် ယောက်ျားလေးအဝတ်အစားအ​ဆောင်​ယောင်များကို ၀တ်ဆင်ကာ တံခါးဝသို့ဝင်လာစဉ် ထော့ပါယု၏အနောက်တွင် ဟန်ပါပါဖြင့်ထွက်လာသည်။ ထော့ပါယုက တိုးတိတ်စွာဖြင့်

"ဒီနေ့ ဘာပြဿနာမှ မဖြစ်စေနဲ့။ မဟုတ်ရင် ဒီအစ်ကိုတော်ကမင်းကို နန်းတော်ပြန်ပို့ပြီး ခမည်းတော်ကို အပြစ်ပေးခိုင်း​စေလိုက်မယ်"

နဝမမင်းသမီးလေးက သူမ​လေးရဲ့လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး

"ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ? ညီမ​လေးက အရေးကြီးတာ​တွေကို မချင့်ချိန်တတ်တဲ့သူတစ်ယောက်မို့လို့လား? ဒါ့အပြင် အရင်ကလည်း ဆော့ကစားဖို့ ညီမ​လေးက ခိုးထွက်ဖူးပါတယ်​နော်။ တကယ်ဆို ဖခမည်းတော်က သိပေမယ့်လည်း မျက်ကွယ်ပြု​နေတာ​လေ။ ဒီကိစ္စက မယ်​တော်ကြီးရဲ့နားတော်ကိုမ​ပေါက်ကြားသရွေ့တော့ အားလုံးက အဆင်ပြေတယ်ရော်" ဟု သူမ​လေးသည် အပျိုကြီးတစ်ယောက်လို စကားပြောလာသည်။

ထော့ပါယုက သူမကိုမှင်သက်စွာကြည့်နေမိသည်။ နဝမမင်းသမီးလေးသည် အဋ္ဌမမင်းသားလေးနှင့်အမွှာဖြစ်​သော​ကြောင့် တူညီ​သောခန့်ထည်ချော​မောမှုရှိသည်။ အမျိုးသားဝတ်စုံတွေပြောင်းလဲဝတ်ဆင်ပြီးနောက် ဘယ်သူကမျှ ထူးထူးခြားခြား သတိပြုမိမည်မဟုတ်ပေ။ သူမလိုမိန်းက​လေးမျိုးက ဘာလို့ဒီလိုမျိုးဝတ်ဆင်မှဖြစ်မလဲဆိုတာမျိုးကို သူ​တွေးနေမိသည်။ ဒါက မသင့်​တော်လှဘူး​လေ။

နဝမမင်းသမီးလေးသည် ဂုဏ်သိက္ခာများကို ဂရုမစိုက်ချေ။ သူမသည် ဒီလူကို မြင်ချင်သဖြင့် နေရာတိုင်းကို လိုက်ကြည့်နေသည်။ နောက်ဆုံး သူ့ကိုတွေ့လိုက်သောအခါတွင် သူမ၏မျက်လုံးများသည် အံ့အားသင့်မှုများ ပြည့်နှက်သွားရသည်။ ထိုလူသည် ခရမ်းရောင်ဝတ်စုံကို ချောမောခန့်ညားစွာ ၀တ်ဆင်ထားသောကြောင့် အခြားသောသခင်​လေးများဖြင့်နှိုင်းယှဉ်ကြည့်သောအခါတွင် သူတို့က အရောင်မဲ့​သွားရသည်။

နဝမမင်းသမီးလေးက စွဲလန်းစွာကြည့်နေမိသည်။ ထိုအမျိုးသားသည် မထင်မှတ်ဘဲ ခေါင်းကိုမော့လိုက်​သော​ကြောင့် သူမ၏မျက်နှာပေါ်တွင် အလင်းတန်းများ ပေါ်လာသည်။ ထိုအချိန်တွင် သူမတို့မျက်လုံးချင်းဆုံမိသွားသည်ကိုပင် မေ့လုနီးပါးဖြစ်ရသည်။ နဝမမင်းသမီးလေး၏ နှလုံးခုန်သံသည် ရပ်တန့်လုနီးပါးမြန်ဆန်လာတော့သည်။

လီ​ဝေ့ရန် (Zawgyi)Where stories live. Discover now