လီဝေ့ရန်က ခပ်ပါးပါးလေးပြုံးလိုက်ပြီး
"ဝူဝေ့စစ်သူကြီးရဲ့အကြိုက်က ဘယ်လိုမျိုးလဲဆိုတာ တို့သိချင်မိသား?"
ထိုလူက “လီဝေ့ရန်၊ မင်းက ရဲတင်းရုံသာမကဘဲ မျက်နှာအရေထူပြီး ကျုပ်ကို ဒီလိုပြောရဲတာလား”
လီဝေ့ရန်က ဆက်လက်ပြုံးနေပြီး
“ဝမ်းကွဲအစ်ကိုနန်၊ အစ်ကိုက တတိယအဆင့်စစ်သူကြီးပဲလေ။ တို့က ဒုတိယအဆင့် အန်းဖိန်မင်းသမီးပါ။ အစ်ကိုက တို့ကိုမနှုတ်ဆက်တာက အဆင်ပြေပေမယ့် ရန်လိုပြီးသိက္ခာမဲ့စွာပြုမူတာကျတော့ တို့တွေရဲ့ကြီးစဉ်ငယ်ဝါရာထူးအဆင့်အတန်းအမိန့်တော်တွေကို လုံးဝဂရုမစိုက်တာများလား?"
ကျောင်းနန်၏အံ့အားသင့်မှုက ခပ်ဖျော့ဖျော့ဖြင့် အမြန်အစားထိုးသွားသည်။
သူမ မမှားချေ။ ဒုတိယအဆင့် အန်းဖိန်မင်းသမီးအနေဖြင့်၊ သူမသည် ရာထူးအဆင့်အတန်းခြင်းယှဉ်လျှင် သူ့ထက်သာလွန်သည်။ သူက သူမကိုနှုတ်ဆက်ဂါရဝပြုရမည်ဖြစ်ပေမယ့် သူ့ရာထူးကအမျိုးသမီးတစ်ယောက်ရရှိတဲ့ အဆင့်ရာထူးနဲ့မတူဘဲ သူ့ရာထူးက စစ်သည်တော်၏ရာထူးအစစ်အမှန်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ တာ့လီမှအမျိုးသမီးအချို့သည် စစ်မှန်သောကုသိုလ်ကောင်းမှုနှင့် ချီးမွမ်းခံလုပ်ဆောင်နိုင်မှုများအပေါ် အခြေခံ၍ ထိုသို့သောအခွင့်ထူးဘွဲ့ကိုရရှိကြသောကြောင့် ကျောင်းနန်သည် အစပိုင်းတွင်များစွာမတွေးခဲ့မိပေ။
ထို့အပြင် ဤသည်မှာ တရားဝင်သောသမရိုးကျကိစ္စမဟုတ်ပေ။ စစ်သူကြီးက သူမကိုဓလေ့ထုံးစံဖြင့် နှုတ်ဆက်ဂါရဝပြုဖို့မလိုအပ်ပေမယ့် သတင်းတွေပြန့်သွားရင်တော့ သိပ်မကောင်းလှဘူး။ သို့သော်လည်း ကျောင်းနန်သည် သူမအားနှုတ်ဆက်ရန်အတွက် မြင်းပေါ်မှမဆင်းချေ။ အဲဒီအစား သူကမြင်းပေါ်တွင်သာ ဆက်ထိုင်နေပြီး သူမကို ငုံ့ကြည့်ကာ
“လီဝေ့ရန်၊ မင်းရဲ့ အကဲဖြတ်မှုက သိပ်တော့ မဆိုးရှာဘူးပဲ။ ကျုပ်တို့ အရင်က မဆုံမိပါဘူး”
လီဝေ့ရန်က ပြုံးလိုက်မိသည်။ ဤသည်မှာ ကျောင်းရွှီ၏စတုတ္ထမြောက်သားကျောင်းနန်ဖြစ်ပြီး၊ သူ့မိသားစု၏ကောင်းမွန်သောအသွင်အပြင်နှင့် မြင့်မြတ်သောစရိုက်လက္ခဏာကို အမွေဆက်ခံထားပုံရသည်။ တာ့လီတွင် ဤအသက်အရွယ်လေးဖြင့် တတိယအဆင့်စစ်သူကြီး၏ချပ်ဝတ်တန်ဆာကို ဝတ်ဆင်နိုင်သော တစ်ဦးတည်းသောပုဂ္ဂိုလ်မှာ သူမှလွဲ၍အခြားမရှိပေ။
YOU ARE READING
လီဝေ့ရန် (Zawgyi)
Tiểu thuyết Lịch sửOriginal Name: Princess Wei Yang/Concubine's daughter is Poisonous Original Author : Qin Jian Genre : Drama, Mature, Josei, Romance This is not my own work, so I give full credits to original author and eng translators...