14.​မေ​မေ​လေး ​သွေးတက်

383 82 0
                                    

ပထမသခင်မသည် ပြန်လည်တည်ငြိမ်သွားပြီး အထိန်း​တော်လင်းအား အေးစက်စွာအော်ဟစ်လိုက်တယ်။

"ငါက မင်းကိုအထူးတာဝန်ပေးထားတာ သူစိမ်း​တွေနဲ့ဆို ပေါက်ကရဖြစ်မှာစိုးလို့​လေ။ သူမ​လေးအတွက် အဝတ်အသစ်တွေကို မြန်မြန်ယူပေးဖို့ငါမင်းကို အကြိမ်ကြိမ်ပြောထား​တယ်​လေ။ မင်းဘယ်လိုလုပ်ပြီး အခုထိ မလုပ်ရ​သေးတာလဲ? ဝေ့ရန်က ငါတို့လီအိမ်​​တော်ရဲ့ တတိယသခင်မလေး၊ အမတ်ချုပ်ကြီးရဲ့သမီးတစ်​ယောက်လေ။ မင်းနှေးတုံ့​နှေးတုံ့လုပ်တာကို သူမကဘယ်လိုစိတ်ရှည်နိုင်ပါ့မလဲ။ ငါတို့ရဲ့တတိယသခင်မလေးက လူအများရှေ့မှာအဝတ်​ဟောင်းများ ၀တ်ရတာ မသင့်တော်လိုက်တာများ။ ဒါ​တွေက မင်းတို့က ငါတို့ သားအမိ၂ယောက်ကြားမှာနားလည်မှုလွဲအောင် ဖန်တီးချင်နေတာလားပဲ။ငါက တတိယသခင်မ​လေးကို ဆိုးဆိုးရွားရွား ဆက်ဆံနေတယ်လို့ သူများတွေကိုထင်​စေချင်​နေတာလား"

ပထမသခင်မ၏စကားများကိုနားထောင်ပြီးနောက် လီ​ဝေ့ရန်သည်လေးစားမှုရှိဟန်ဖြင့် စိတ်တွင်း၌မူ အေးစက်စွာရယ်မောနေသည်။ ပထမသခင်မသည်အကြောင်းမရှိပဲ ပထမသခင်မဖြစ်လာခြင်းမဟုတ်​ပေ။ သူမသည် စကားကို အသက်ပင်မရှူဘဲ ပီရိစွာ​​ပြောသွားသည်။ သူမပြောသောစကားတိုင်းသည် ချက်ကျလက်ကျပင်။ ဝေ့ရန်သည် ပထမသခင်မ၏မျက်နှာထားစရာမရှိ​အောင်တူညီ​သော အကြောင်းပြချက်ကိုပေးနိုင်ခဲ့သည်။ အခြားတစ်ဖက်တွင်မူ ပထမသခင်မသည်ဒီလိုစကား​တွေကို​ ပြောလိုက်ခြင်းဖြင့် အထိန်း​တော်လင်းအပေါ် ကိုအပြစ်တင်လိုက်နိုင်သည်။

အထိန်း​တော်လင်းသည် ကြမ်းပြင်ပေါ်တွင် ချက်ချင်းဒူးထောက်လိုက်ပြီး ငိုသံများကြားမှသူမ၏အမှားများကို ၀န်ခံလိုက်ခြင်းဖြင့် မြန်မြန် တုံ့ပြန်လိုက်တယ်။ အထိန်း​​တော်လင်းပြောတာက​တော့ အားလုံးသည် သူမ၏အပြစ်သာဖြစ်ကြောင်း၊ သူမ၏တာဝန်မဲ့မှုနှင့် အရည်အချင်းမရှိမှုကြောင့်သာ ကိစ္စ​တွေဒီလိုဖြစ်လာ​ရသည်ဟူ၍ပင်။ ပထမသခင်မက သူမအား ဒီကိစ္စကိုနှုတ်ဖြင့်ခိုင်း​စေခဲ့သော်လည်း ဝေ့ရန်အတွက် အဝတ်အစားသစ်များပြုလုပ်ပေးခြင်းသည် ပထမသခင်မ၏အစစ်အမှန် ရည်ရွယ်ချက်မဟုတ်ကြောင်း အထိန်း​တော်လင်းက သိနေခဲ့သည်။ ဒါက လီချန်းလဲ့နှင့်ပတ်သက်သောအဖြစ်အပျက်ကြောင့် ပထမသခင်မက စိတ်ဆိုး​နေခဲ့ခြင်း​ကြောင့်ပဲ၊၊ ထို့ကြောင့်လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး ပထမသခင်မကဝေ့ရန်ကသူမထံသို့လာ၍ ခွင့်လွှတ်ပေးဖို့​ တောင်းခံမည်ကိုစောင့်နေခဲ့တာ​လေ။ ဒါ​ပေမယ့် ဒီလိုမျိုး ဝေ့ရန်က သခင်မကြီးဆီတိုက်ရိုက်လာရှာမယ်လို့ ဘယ်သူကသိပါ့မလဲ။

လီ​ဝေ့ရန် (Zawgyi)Where stories live. Discover now