6.မိတ်​​ဆွေ​ဟောင်း​တွေ ပြန်လည်ဆုံစည်းမိ

419 83 0
                                    

ဝက်​တွေလွတ်ကုန်တဲ့ကျေးဇူးကြောင့် လီ​ဝေ့ရန်သည် ရွာအတွက်အာရုံစိုက်စရာဖြစ်လာသည်။ ကျိုးချင်းနှင့်လွီက​တော်က သူမကိုထပ်ပြီးအလုပ်​တွေမခိုင်းရဲ​တော့​ပေမယ့် သူမကိုတစ်​နေ့လုံးအိမ်ထဲမှာ​နေခိုင်းတာလည်း စိတ်မအီမသာဖြစ်​စေတာပဲဆိုတော့ သူတို့ကသူမကိုရွာနဲ့ သိပ်မ​ဝေးတဲ့လက်ဖက်ရည်ဆိုင်မှာအလုပ်လုပ်​စေတယ်။

လက်ဖက်ရည်ဆိုင်က ကျိုးကျင်းနဲ့မားက​တော်တို့ဦးစီးတာဖြစ်ပြီး ရွာ​ဘေးကဖြတ်သွားတဲ့ ခရီးသည်​တွေကို လက်ဖက်ရည်နဲ့​ပြောင်း​ပေါင်မုန့်​တွေရောင်းချတာဖြစ်တယ်။ ဒါကပိုက်ဆံကို​အေး​အေး​ဆေး​ဆေးရှာလို့ရတဲ့နည်းလမ်းတစ်ခုပင်။ မားက​တော်သည် လီ​ဝေ့ရန်ကအခုလိုငယ်ငယ်ရွယ်ရွယ်နဲ့ ရှင်သန်ဖို့ရုန်းကန်​နေရတာမြင်​တော့ စိတ်မ​ကောင်းဘူး။ ဒါ​ကြောင့် သူမက လီ​ဝေ့ရန်ကိုဆို လွယ်ကူတဲ့လက်ဖက်ရည်အတွက်ရေ​နွေးတည်ခိုင်းတာ​လောက်ပဲခိုင်းပြီး ပင်ပင်ပန်းပန်းအလုပ်​တွေကို အတင်းမလုပ်ခိုင်းစေဘူး။

လီ​ဝေ့ရန်က မီးဖိုထဲကိုသစ်သားထည့်​နေချိန်မှာ မားက​တော်ကမြန်မြန်​လေးအထဲကိုဝင်လာတယ်။ သူမက လီ​ဝေ့ရန်အလုပ်များ​နေတာမြင်​ပေမယ့်

"​ဝေ့ရန်၊ နည်းနည်းမြန်မြန်​လေးလုပ်! ငါတို့ ​ရေ​နွေးနည်းနည်းပိုလို​နေတယ်!​ ​ပြောင်းမုန့် ၁၀ခုလည်းယူလာဦး။ ငါတို့ လက်ဖက်ရည်ဆိုင်မှာ အ​ရေးကြီးဧည့်သည်​​တော်ရောက်​နေတယ်"

လီ​ဝေ့ရန်က သူမပြောတဲ့အတိုင်းလုပ်လိုက်တယ်။ သူမကတံခါးဆီကို​လျှောက်သွားပေမယ့် စိတ်ရူပ်​​ထွေး​နေသည်။ ​တောင်ပိုင်းက​နေ​​မြောက်ပိုင်းထိ ခရီးသွားဧည့်သည်တွေအများကြီးရှိ​ပေမယ့် ဘယ်သူကိုမှအ​ရေးကြီးဧည့်သည်​တော်လို့ ခေါ်ရ​လောက်သူမရှိဘူး။ မားက​တော်​ပြောသွားတဲ့ အ​ရေးကြီးဧည့်သည်​တော်ဆိုတာ ဘယ်သူများပါလဲ? သူမကအသာ​လေး တံခါးဆီ​​လျှောက်သွားပြီး ​ဆိုင်ရှေ့ကိုတိတ်တဆိတ်ချောင်းကြည့်လိုက်သည်။

အမိုး​အောက်မှာ အပြာ​​ရောင်ဝတ်ထားတဲ့ကိုယ်ရံ​တော်အုပ်လိုက်ကြီးကို​တွေ့လိုက်ရသည်။ သူတို့အလယ်မှာထိုင်​နေတဲ့ပုဂ္ဂိုလ်ကိုမြင်ဖို့ခက်​နေတယ်။ ​ငွေ​ရောင်နဲ့အနီ​ရောင်စင်းမြင်းကုန်းနှီး​တွေနဲ့ရှားပါးတဲ့ မြင်းဖြူကြီး​တွေအလယ်မှာ ထူးခြားတဲ့ ​အ​ငွေ့အသက်​တွေဖြစ်​​ပေါ်​နေသလိုပဲ။

လီ​ဝေ့ရန် (Zawgyi)Where stories live. Discover now