72.1.ညသန်း​ခေါင်ခြုံခိုတိုက်ခိုက်ခံရ

471 107 8
                                    

အ​စောင့်၏ပါးစပ်မှစ၍ သူ၏မျက်နှာတစ်ခုလုံး​​လောင်ကျွမ်းခံရသလို တစ်ဆစ်ဆစ်ကိုက်ခဲနာကျင်မှုကိုခံစား​နေရပြီး အကူအညီ​တောင်းရန်ကြိုးစားခဲ့​သော်လည်း နာကျင်မှုမီး​တောက်က သူ့ဆီပျံ့နှံ့သွားသဖြင့် စကားတစ်ခွန်းမှပင်မဆိုနိုင်ဖြစ်သွားသည်။

"လီ​ဝေ့ရန်၊ မင်းဘာလုပ်လိုက်တာလဲ"

ထော့ပါယုကရုတ်တရက်သူမကိုလှည့်ကြည့်လိုက်သည်။

လီ​ဝေ့ရန်ကသူမ၏ပါးချိုင့်များပေါ်သည်အထိပြုံးလိုက်မိသည်။ တစ်ချိန်တည်းမှာပင်သူမ၏ အသက်အရွယ်နှင့် မလိုက်ဖက်သောအေးစက်၍ ခွင့်မလွှတ်တတ်သည့်အ​ငွေ့အသက်ကထွက်​ပေါ်လာသည်။

"သတ္တမအရှင်မင်းသား၊ ဒီအဆိပ်ရှိပိုးခူ​ကောင်က ဆု​တောင်းပုတီးလုံးထဲက​နေထွက်လာတာကိုမင်းသားကိုယ်တိုင်မြင်လိုက်သားပဲ"

ထော့ပါယုကအံ့သြမှင်သက်သွားမိသည်။ ထို့နောက်တစ်စုံတစ်ခုကိုသတိထားမိသကဲ့သို့သူကလက်ကိုအမြန်ဝှေ့ယမ်းကာအဝေးမှအစောင့်များကိုအချက်ပြလိုက်သည်။

"သူကသတိမထားမမိပဲ အဆိပ်ပြင်းတဲ့ပိုးကောင်အကိုက်ခံလိုက်ရတယ်။ သူ့ကိုကူပြီးဆွဲထုတ်သွားကြ"

အစောပိုင်းတွင် ကိုယ်ရံ​တော်အစောင့်များသည်အတော်အတန်ဝေးသောနေရာတွင်ရပ်​နေကြောင့် ဘာဖြစ်ခဲ့သည်ကိုအတိအကျမမြင်ခဲ့ကြပေ။ ယခုမှသတ္တမမင်းသား၏ မကြည်မလင်အမူအရာကိုမြင်သဖြင့်သူတို့သည် သ​ဘော​ပေါက်နားလည်သွားပြီး အစောင့်ကိုခေါ်ဆောင်သွားကြသည်။

“ဆုတောင်းပုတီးလုံးတွေကအဆိပ်ရှိ​နေတယ်”

ထော့ပါယု၏စကားသည်အတည်ပြုလိုက်ခြင်းပင်။

လီဝေ့ရန်ကဘာမှပြန်မဖြေဘဲ ပန်းဝတ်လွှာအပြည့်ပါတဲ့လက်ဖက်ရည်ခွက်ကိုကိုင်လိုက်ပြီးနှစ်ကြိမ်​လောက်ဖြည်းဖြည်းချင်းမြည်းစမ်း​သောက်လိုက်သည်။ လက်ဖက်ရည်ရဲ့ကြည်လင်မွှေးကြိုင်တဲ့ချိုမြိန်တဲ့ပျားရည်အရသာကိုသူမအရသာခံမိလိုက်ရသည်။

"ဒါက မြောင်​ကျောင်ရဲ့ အဆိပ်ပြင်းတဲ့ပိုးခူကောင်တစ်ကောင်ပါ။ ပုံမှန်အားဖြင့်တော့ထွက်မလာတတ်ပါဘူး။ သနားစရာ​ကောင်းတာက သူကအချိုကိုကြိုက်​တော့ အဲဒါကိုထွက်လာ​အောင်သွေး​ဆောင်ဖို့ကမခက်ခဲလှပါဘူး"

လီ​ဝေ့ရန် (Zawgyi)Where stories live. Discover now