75.လျို့ဝှက်​သောအကြံအစည်

551 95 12
                                    

နဝမကိုယ်လုပ်​တော်၏မွေးနေ့ရက်သို့​ရောက်​သောအခါ လီမိသားစုသည်စင်မြင့်တစ်ခုအားအထူးတည်​ဆောက်ထား​ပေးသည်။ သခင်မများနှင့်သခင်မ​လေးတို့သည် သူမတို့အတွက် လှုပ်ရှားသက်ဝင်စည်ကား​စေမည်ဖြစ်​သောဤအခမ်းအနားကိုကြည့်ရန်အခွင့်အလမ်းတစ်ခုကိုရပြီဟုထင်ကြသောကြောင့် သူတို့အားလုံးသည်အခမ်းအနားပွဲကိုကြည့်ရန်အပြင်ဘက်တွင်ယာယီတဲကိုပင်ထိုးထားသည်။

ပထမသခင်မသည် ဒုတိယသခင်မအားဖိတ်ကြားရန်တစ်စုံတစ်ဦးကိုစေလွှတ်ခဲ့သော်လည်း နေမကောင်းဖြစ်​နေသည်ဟူ​သောအ​ကြောင်းကြောင့် ဒုတိယသခင်မသည်ပွဲကိုတက်​ရောက်ခြင်းမရှိခဲ့​ပေ။ ပထမသခင်မကလည်းခပ်ပေါ့ပေါ့ပြုံးလိုက်ပြီး​နောက် သူမကိုတက်​ရောက်ရန်အတင်းမတိုက်တွန်းခဲ့​ပေ။

ဒုတိယသခင်မသည်ဟိတ်ဟန်ကြီးတတ်သူတစ်ဦးဖြစ်တာကြောင့် သူမအ​နေနဲ့ကိုယ်လုပ်​တော်တစ်ဦးကိုမျက်နှာချင်းဆိုင်ကာ မွေးနေ့ဧည့်ခံပွဲကိုဘယ်လိုမှမတက်​ရောက်တက်နိုင်ဘူးဆိုတာကောင်း​ကောင်းကြီးကိုသိသာ​နေတာပဲ​လေ။

လွန်ခဲ့သောရက်အနည်းငယ်အတွင်းကပင် သခင်မကြီးသည်နွေဦးရာသီကာလအတွင်းတစ်ရေးတစ်မောအိပ်စက်လေ့ရှိသဖြင့် သူမသည်နေ့ခင်းဘက်တွင်အနားယူ​နေ​သော​ကြောင့်အပြင်သို့ထွက်မလာ​ချေ။ အခြားသူများအားလုံးက​​တော့ရောက်ရှိလာနှင့်ပြီးဖြစ်သဖြင့်ဇာတ်ခုံအောက်တွင်ထိုင်ကာပျော်ရွှင်စွာကြည့်နေကြသည်။

လီချန်းလဲ့သည်သူမ၏လက်၌လှပသောယပ်​တောင်တစ်​ချောင်းကရှိနေပြီးသူမသည်အဝေးမှ​နေ၍ဇာတ်ခုံစင်မြင့်ကိုကြည့်ကာ ​တွေးတွေးဆဆပြုံး​နေသည်။ အခြားတစ်ဖက်၌မူ နဝမကိုယ်လုပ်​တော်အား လူအုပ်ကြီးနှင့်ဝန်းရံခံထားရ​သော​ကြောင့် သူမသည်ဂနာမငြိမ်ဖြစ်ပြီးကြောက်ရွံ့သောအမူအရာဖြင့်ရှိနေသည်။

ပထမသခင်မသည်ဤအရာအားလုံးကိုကြည့်ရှုရင်း သူမ၏မျက်နှာ၌နှစ်သက်ဖွယ်ကောင်းသောအပြုံးတစ်ခုကိုပြုံးမိသည်။

လီဝေ့ရန်သည်နောက်ဆုံးမှရောက်လာသူဖြစ်သည်။ သူမရောက်လာ​သော​ကြောင့်သူမထက်အဆင့်​အောက်​​ရောက်သူအားလုံးကမတ်တပ်ရပ်ပြီးသူမကိုနှုတ်ဆက်ကြရသည်။ ​ဟုတ်တာ​ပေါ့။ ပထမသခင်မကမူ အိမ်ကြီးရှင်သခင်မဖြစ်သည့်အပြင် ပထမအဆင့်ရာထူးရှိအမျိုးသမီးတစ်ဦးဖြစ်သောကြောင့်သူမသည်ယခင်အတိုင်းပင်ထိုင်နေဆဲဖြစ်သည်။

လီ​ဝေ့ရန် (Zawgyi)Where stories live. Discover now