နောက်တစ်နေ့သည် လီချန်းလဲ့ ပိတ်ပါးပတ်တီးကိုဖြည်ချွတ်ရသောနေ့ဖြစ်သည်။ ကျောင်းပဉ္စမသခင်လေးသည် သူမ၏မျက်နှာကို ပိတ်ပါးပတ်တီးများဖြင့် ပတ်ထားသော်လည်း ပိတ်ပါးစကို ဖယ်ရှားပြီးနောက်တွင် ဖုံးကွယ်ရန်နည်းလမ်းမရှိတော့ပေ။
ကျောင်းပဉ္စမသခင်လေးသည် တစ်ညလုံး အလွန်ကြောက်လန့်ပြီး အိပ်မပျော်ခဲ့ရပေ။ သူကရောက်ရှိလာမယ့် နောက်တစ်နေ့ကို ကြောက်နေတယ်။ နောက်နေ့မနက်မှာ သူ အိပ်ငိုက်ပြီးမှိန်းနေချိန်တွင် တစ်စုံတစ်ယောက်က သူ့ကို ရုတ်တရက် နှိုးလာတယ်။ အစေခံငယ်လေး၏မျက်နှာသည် ကြောက်ရွံ့မှုအပြည့်နှင့်
"သမားတော်လု၊ သခင်မလေး...သခင်မလေးက..."
ကျောင်းပဉ္စမသခင်လေးသည် လီချန်းလဲ့၏ မျက်နှာကို အိပ်မက်ဆိုးထဲတွင် မြင်လိုက်ရသည်။ သူသည် အိပ်ပျော်နေစဉ်ယောင်၍ထလမ်းလျှောက်သကဲ့သို့ မတ်တတ်ထရပ်လိုက်သည်။ သူ့ကို ထိုကဲ့သို့လာခေါ်ခြင်းသည် ခေါင်းကိုက်စေသည်။ သူ့လက်က မသိစိတ်ကနေ သူ့မျက်နှာကိုပွတ်သပ်မိပြီး သက်ပြင်းချလိုက်တယ်။ ကံကောင်းထောက်မစွာဖြင့် သူ၏ ရုပ်ဖျက်မျက်နှာဖုံးသည် မပျက်မစီးရှိနေသေးသည်။ အကြောင်းတစ်ခုခုကြောင့် လီဝေ့ရန်သည် သူဘယ်သူဘယ်ဝါဖြစ်ကြောင်း သိရှိသွားမည်ကို စိုးရိမ်မိရသည်။ သူက ဒီမိန်းကလေးကို အနည်းကြောက်မိပြီး သူ့သရုပ်မှန်ကိုသာ သူမ ရှာတွေ့ခဲ့ရင်တော့ အဆုံးသတ်မလှမှာ သေချာတယ်လို့ စိတ်ရင်းဖြင့်ခံစားရတယ်။
သူသည် မျက်နှာကိုအမြန်ဆေးကြောပြီး ဆံပင်ကို ဖြီးသင်ပြီးနောက် ခြံဝင်းထဲမှ ထွက်လာခဲ့သည်။ သူသည် အထက်တန်းလွှာယောကျာ်းတစ်ယောက်ဖြစ်သောကြောင့် အတွင်းဝင်းထဲတွင် မနေနိုင်သဖြင့် အရှေ့ဘက်အဆောင်ငယ်ရှိအခန်းတစ်ခုတွင် နေရန်စီစဉ်ခဲ့သည်။ ယခုတော့ သူသည် အတွင်းဝင်းအတွင်းသို့ ရောက်ရန် တံခါးများစွာကို ဖြတ်လျှောက်သွားနေရသည်။
မနေ့ညက မိုးသည်းထန်စွာရွာသဖြင့် ဝင်းလက်တောက်ပနေသော အစိမ်းရောင်ငှက်ပျောရွက်များက ကြွေကျနေသည်။ ပုလဲတစ်လုံးကဲ့သို့နှင်းစက်လေးသည် လှိမ့်ဆင်းလာပြီး ကြည်လင်ပြတ်သားသောအသံနှင့်အတူ ကျောင်းပဉ္စမသခင်လေး၏ဦးခေါင်းပေါ်သို့ ကျဆင်းသွားသောကြောင့် ရိုက်ခတ်မှုဖြင့် ပြန့်ကျဲသွားသည်။ သူသည် ချက်ခြင်းနောက်လှည့်၍ မထွက်ခွာနိုင်သည်ကို နာကျည်းကာ ပို၍ပင် တင်းမာပြီး စိတ်မသက်မသာခံစားရသည်။ သို့သော် သူသည် တံခါးဝအပေါက်သို့ ရောက်နေပြီဖြစ်၍ ရှောင်လွှဲလို့မရနိုင်တော့ပေ။
YOU ARE READING
လီဝေ့ရန် (Zawgyi)
Ficção HistóricaOriginal Name: Princess Wei Yang/Concubine's daughter is Poisonous Original Author : Qin Jian Genre : Drama, Mature, Josei, Romance This is not my own work, so I give full credits to original author and eng translators...