45.ကစားပွဲကို အသာစီးထိန်းချုပ်

351 66 0
                                    

ပထမသခင်မက ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး

"ချန်းလဲ့၊ မင်း ဒီလောက်မိုက်မဲတဲ့စကားကို ဘယ်လိုလုပ်ပြောနိုင်ရတာလဲ!" 

သူမစကားပြောနေစဉ် လီချန်းလဲ့အား သတိပေးသည့်အကြည့်တစ်ချက်ကို​ ပေးလိုက်ပြီး လီချန်းလဲ့သည် သူမ၏ဆံကေသာရှိ​ ရွှေ​ရောင်ဆံညှပ်​ပေါ်ကပုလဲကဲ့သို့ပင် အေးခဲသွားကာ မှင်သက်သွားသည်။ သူမက အသက်ရှူရှိုက်ရန် မေ့လုနီးပါးဖြစ်သွားပြီးမှ ​နောက်ဆုံးမှ သူမက တုံ့ပြန်နိုင်​တော့သည်။

"တတိယညီမ​၊ ဒါ​တွေအားလုံးက အစ်ကိုကြီးရဲ့အပြစ်​​တွေ​လေ။ မင်းမှား​နေပြီထင်တယ်"

သူတို့၏သရုပ်​ဆောင်မှုကို ကြည့်မိသောအခါ လီ​ဝေ့ရန်က ခေါင်းကိုသာခါယမ်းလိုက်သည်။ ဤကဲ့သို့ လှည့်စားတတ်သော၊ မျက်နှာ၂မျိုးနှင့်စရိုက်​တွေ။ သူမအရင်ဘ၀က ဘာလို့များ မိုက်မဲစွာနေခဲ့နိုင်ရတာလဲ။ သူတို့၏သရုပ်ဆောင်မှုသည် ကောင်းလှသည်မဟုတ်​သော်လည်း သူမက မိသားစုအားတွယ်တာမိ​သော​ကြောင့် သူတို့က သူမအားလှည့်စားနိုင်ခဲ့ခြင်းပင်။

အဖြစ်အပျက်ကို မျက်မြင်​တွေ့​နေရသော​ ထော့ပါကျန်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ဘာတွေဖြစ်နေတာလဲ?

လီမင်ဖန်သည် သူ၏ကိုယ်ပိုင်အသိဥာဏ်ကြွယ်ဝမှုကို အမြဲလိုလိုပင် ဂုဏ်ယူဝင့်ကြွားပြီး​ဆောင့်ကြွား​ဆောင့်ကြွားနိုင်ခဲ့ကာ ဤကဲ့သို့ အကြံအစည်မျိုးနှင့် မတွေ့ခဲ့ဖူး​ချေ။ သူ၏ မျက်နှာသည်တဖြည်းဖြည်း နီရဲလာပြီး သူက

“ရှာဖွေဖို့ စေလွှတ်ခံရသောသူ​တွေ ပြန်မလာသေးဘူး​လေ”

သူသည် ဤအချိန်၌ ဇီယန်တစ်ယောက် လူအလစ်​တွင် လီ​ဝေ့ရန်၏အ​ဆောင်အတွင်း၌ ထားရှိသောအရာများကို တွေ့နိုင်လိမ့်မည်ဟုမျှော်လင့်​နေမိသည်။

ထိုအခိုက်အတန့်တွင် အထိန်း​တော်လျိုသည် သူမ၏လူများအားဦးဆောင်ရင်း အခန်းတွင်းပြန်ဝင်​ရောက်လာပြီး ​သခင်မကြီးကို ဦးညွှတ်ကာ

"​သခင်မကြီး၊ သခင်ကြီး၊ တတိယသခင်မ​လေးရဲ့အ​ဆောင်က အလွန်သန့်ရှင်းပါတယ်။ ကျွန်​​တော်မျိုးမတို့ သံသယဖြစ်စရာဘာမှမ​တွေ့ခဲ့ရပါဘူး"

လီ​ဝေ့ရန် (Zawgyi)Where stories live. Discover now