68.1.လမ်းကျဉ်း​လေး​တွင်ဆုံ​တွေ့မိကြ

487 99 9
                                    

ထိုအခိုက်အတန့်တွင်အပြင်ဘက်မှ အလွန်ပြင်းထန်သောတံခါးခေါက်သံတစ်ခုကိုကြားလိုက်ရသည်။ လီဝေ့ရန်ကမျက်မှောင် ကြုတ်လိုက်ပြီး

"ဘယ်သူလဲ?"

"မမ​လေး၊ ကျွန်မ မိုကျူးပါ"

မိုကျူးကတိုးတိုး​လေးပြောလိုက်ပြီး​သူမ၏အသံရှိမ​ရေရာမှုက လီဝေ့ရန်အားခန့်မှန်း၍မရနိုင်သောခံစားချက်တစ်ခုကိုဖြစ်​ပေါ်စေမိသည်။

"ဝင်လာခဲ့​လေ!"

မိုကျူးကဝင်လာပြီး လီမင်တိကိုတွေ့​သောအခါသူမကအံ့သြသွားပြီး မျက်ရည်တွေကချက်ချင်းကျလာကာသူမက

"မမ​လေး၊ တတိယသခင်မ ...... တတိယသခင်မ မရတော့ဘူး .... "

လီဝေ့ရန်၏နှလုံးသား၌ နာကျင်မှုတစ်ခုကိုခံစားလိုက်ရပြီး သူမကသတိလက်လွတ်စွာဖြင့် သူ့ကိုကြည့်လိုက်မိသည်။ ထိုအခိုက်အတန့်တွင် ဒီကောင်လေး၏အမူအရာသည် ပုံမှန်မဟုတ်သောအမူအရာတစ်ခုကိုမှပြမ​နေပဲ သူ​၏မွေးစားအမေရောဂါသည်း​နေသည့် သတင်းကိုမကြားမိသကဲ့သို့ သူ့ကိစ္စမဟုတ်သလိုပင်။ ဒါပေမယ့်သူ့လက်တွေကတကယ်ကို တစ်ဆတ်ဆတ်တုန်ယင်နေပြီး၊ သူ၏မျက်ဝန်းအတွင်းကနာကျင်မှုတွေကို မလွှဲမရှောင်သာခက်ခဲစွာဖုံးကွယ်​နေသလိုပင်။

နောက်ဆုံးတော့ သူကကလေးတစ်ယောက်သာသာပဲရှိ​သေးတာ​လေ......လီဝေ့ရန်ကသူ့လက်ကိုတင်းကျပ်စွာဆုပ်ကိုင်ထားမိသည်။

လီမင်တိကသူမကိုကြည့်ပြီး ချက်ချင်းပြုံးပြကာသူက

"ကျွန်​တော်အခုပြန်သွားမှဖြစ်မယ်"

"တို့လည်း မင်းနဲ့အတူလိုက်ခဲ့မယ် "

သူမကသက်ပြင်းချလိုက်ပြီး ငြင်သာစွာပြောလိုက်သည်။

တတိယသခင်မရဲ့အခန်း၏ခန်းစီးစ​အောက်မှအနီရောင်ချည်ကြိုးအပိုင်းအစလေးတစ်ခုက လျှောထွက်နေသည်ကိုတွေ့လိုက်ရသည်။ သခင်မကြီးသည် တတိယသခင်မ၏သွေးခုန်နှုန်းကိုစစ်ဆေးရန်​တော်ဝင်သမား​တော်တစ်ဦးအားအထူးဖိတ်ခေါ်ခဲ့ခြင်းပင်။ သမား​တော်အိုကြီး၏မုတ်ဆိတ်သည် သူ၏ရင်ဘတ်ထိ​တောင်​ရောက်​နေပြီး သူ၏ မျက်လုံးများက အနည်းငယ်မှိတ်​နေကာ ပါးစပ်ကတစ်စုံတစ်ခုကိုတိတ်တဆိတ်​ရေရွတ်နေသည်။ လီ​ဝေ့ရန်သည် တတိယသခင်မ၏အဖျား​ကြောင့်မျက်နှာမကောင်းသည်ကို နေ့ဘက်မှာမြင်ခဲ့ရသော်လည်း အခုသူမကိုတွေ့ရ​ပြန်တော့လည်းရင်တုန်ပန်းတုန်ဖြစ်မိသလိုခံစား​နေရသည်။ နဂိုကနူးညံ့ပြီးချောမောလှ​ပသော တတိယသခင်မသည်ပါးလွှာသော အရိပ်တစ်ခုလိုပင်ပိန်ချုံးချည့်နဲ့​နေသည်။ သူမသည်စောင်ထူထူများပေါ်တွင်လဲလျောင်းနေကာ သူမကအသည်းအသန်အသက်ရှူ​နေရသည်။ သူမသာအသက်တစ်ချက်အရှူမှားသွားလျှင်​တောင် သူမ၏အသက်ကနူတ်ယူခံရကာအဆုံးသတ်သွားမည့်ပုံလို မြင်​နေရသည်။

လီ​ဝေ့ရန် (Zawgyi)Where stories live. Discover now