122.​ခြေလှမ်းတိုင်းကိုဖိနှိပ်

193 41 3
                                    

ကျောက်ယွဲ့သည် လီ​ဝေ့ရန်ကို အထက်မှအောက်သို့ တစ်ချက်ကြည့်လိုက်ရင်း သူမက မပြုံးမိဘဲမ​နေနိုင်​ချေ။ မမ​လေးရဲ့ကြိုတင်မှန်းဆချက်က မှန်ကန်တယ်။ ​တစ်စုံတစ်​ယောက်သည် အလင်းတန်းပေါ်မှတက်လိုက်ဆင်းလိုက် ခုန်ပျံသန်းလာသော်လည်း တစ္ဆေသရဲကဲ့သို့ ပျံဝဲကာ အံ့အားသင့်ရ​လောက်​အောင်လျင်မြန်စွာပြုမူရင်း မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလူသည် ပြတင်းပေါက်ဆီသို့ မြဲမြံစွာရောက်​နေပြီဖြစ်သည်။

ထိုအချိန်တွင် အိမ်ခန်းအပြင်ဘက်ရှိ လူတစ်ဒါဇင်ကျော်သည် သူတို့၏လက်နက်များကို အဆင်သင့်ပြင်ထားပြီးပြီဖြစ်ပြီး ချန်ရှန်းက သူတို့အား တိတ်တဆိတ် လက်ဟန်ပြကာ အိမ်ခန်းတွင်းရှိလူများသည် မီးငြိမ်းပြီးအိပ်ပျော်သွားပြီဖြစ်သဖြင့် စတင်ရန်အချိန်ကောင်းဖြစ်သည်ဟုအချက်ပြ​နေသည်။ သူတို့အမြန်ဝင်သွားလိုက်သည်နှင့် အ​စေခံမကို အမြန်နှိမ်နင်းပြီး လီဝေ့ရန်ကို လည်ပင်းညှစ်လိုက်တာနဲ့ အောင်မြင်မှုဆိုတာက သူတို့လက်ထဲမှာရှိနေ​တော့မယ်မလား။

သို့သော် သူမဝင်လာပြီးသည်နှင့် "မင်းက ဘယ်သူလဲ?" ဟု အေးစက်စွာ မေးခွန်းထုတ်ခြင်းခံလိုက်ရသည်။

လီဝေ့ရန်သည် ရုတ်တရက်ထထိုင်​နေလျက် အနက်ရောင်ဖြင့် ခြိမ်းခြောက်နေသော ဒီလူများကိုကြောက်ရွံ့မှုမရှိဘဲ လင်းလက်စွာစိုက်ကြည့်နေသည်။

ခေါင်းဆောင်ဖြစ်​သော ချန်ရှန်း၏ အမူအရာမှာ မှုန်မှိုင်းသွားသည်။ လီဝေ့ရန်၏အမူအရာမှာ လုံးဝကြောက်ရွံ့ခြင်းရှိမ​​နေဘူး။ ဒါက ဘယ်လိုဖြစ်ရတာလဲ....

"ဘာ​ကြောင့်များ မင်းရဲ့သခင်က ငါ့ကိုဒီ​​နေရာမှာ အရဲစွန့်ပြီး သတ်ရ​လောက်တဲ့အထိကြောက်ရွံ့နေတာလဲ?" 

လီဝေ့ရန်က ​လှောင်​ပြောင်ရယ်မောလိုက်သည်။ သူမ၏အသံသည် အေးစက်နေသော်လည်း မိန်းကလေးတစ်ဦး၏မူပိုင်စွဲမက်ဖွယ်ဆွဲဆောင်မှုတစ်ခုကို ထုတ်လွှတ်​နေသလိုပင်။

"သူမကိုသတ်ကြ!" 

ချန်ရှန်းက ဆုံးဖြတ်ပြီးနောက် ချက်ချင်း အမိန့်ပေးလိုက်သည်။

လီ​ဝေ့ရန် (Zawgyi)Where stories live. Discover now