လီဝေ့ရန်က သူမ ငိုနေမိတာကိုတောင် သတိမထားမိဘူး။ တကယ်တော့ သူမပြန်လည်မွေးဖွားလာပြီးကတည်းက မျက်ရည်လုံးဝမရှိခဲ့ဖူးပေမယ့် အခုတော့ သူမကအထိန်းအကွပ်မဲ့မျက်ရည်တွေစီးကျလာပြီး သူမငိုနေမှန်းတောင်မသိလိုက်ဘူး။ သူမ၏အမြင်အာရုံမှာ အနည်းငယ်မှုန်ဝါးသွားသည်ဟုသာခံစားလိုက်ရပြီး လီမင်တိ၏မျက်နှာကိုပင် သူမ မမြင်နိုင်လုနီးပါးဖြစ်နေသည်။ ဒီ့ပြင် သူမသည် သူမပတ်ဝန်းကျင်၏ဖရိုဖရဲ အရှုပ်အထွေးများကို မမြင်နိုင်တော့ပေ။ ဒီနေရာမှာဆက်နေနေရတာ အန္တရာယ်ကြားထဲမှာနေနေရတာနဲ့ အတူတူပဲလို့တောင် မထင်နိုင်တော့ဘူး။
ဤအခိုက်အတန့်တွင်၊ ထော့ပါကျန်းသည် အိမ်ရှေ့စံအား အကာအရံများဝန်းရံလျက် အိမ်ရှေ့စံ၏နန်းဆောင်အိမ်တော်ဝန်းမှ အစောင့်များကိုဦးဆောင်ကာ လုပ်ကြံသတ်ဖြတ်သူများကို တဖြေးဖြေးဝိုင်းရံထားရင်း တစ်ယောက်ပြီးတစ်ယောက်ကို ချေမှုန်းပစ်လိုက်သည်...
နာရီဝက်အကြာတွင် သွေးချောင်းစီးခြင်းတစ်ခုလုံးပြီးဆုံးသွားသော်လည်း ယခုအချိန်တွင် စားပွဲတော်အခမ်းနားသည် လုံးဝရှုပ်ထွေးပွေလီနေပြီဖြစ်သည်။ ဘဝအသစ်ကိုရလိုက်သလို အသက်ရှင်ကျန်နေခဲ့တဲ့လူတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပေမယ့် ငိုနေရမလား ရယ်နေရမလားတောင် မသိကြတော့ဘူး။ ထိုအချိန်တွင်၊ အခြွေအရံတစ်ယောက်သည် ခြေရင်းကနေ တုန်လှုပ်မေလျက်
"အိမ်ရှေ့စံကြင်ရာတော်မင်းသမီး..... အိမ်ရှေ့ကြင်ရာတော်မင်းသမီး...."
အိမ်ရှေ့စံက ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းပြီး
"ကြင်ရာတော်မင်းသမီး ဘာဖြစ်လို့လဲ!"
မိန်းကလေး၏အော်ငိုသံသည် လူတိုင်း၏နှလုံးသားကို ထိတ်လန့်လုနီးပါး ဖြစ်စေကာ
"အိမ်ရှေ့စံကြင်ရာတော်မင်းသမီး.... ကြင်ရာတော်မင်းသမီး အသတ်ခံလိုက်ရပါပြီ...."
လီဝေ့ရန်သည် ထိုပွဲအခမ်းနား၌ လူဘယ်လောက်သေဆုံးသွားသည်ကို ဂရုမစိုက်ပေ။ လီချန်းရှောင်နဲ့ ကျောင်းယွိလန်တို့လွတ်မြောက်သွားနိုင်လားဆိုတာကိုလည်း သူမ ဂရုမစိုက်ဘူး။ သူမသည် လျှို့ဝှက်အစောင့်ရှောက်များကို လီမင်တိအား ချက်ခြင်းအပြင်သို့ပို့ဆောင်ပေးရန် အမိန့်ပေးလိုက်သည်။
YOU ARE READING
လီဝေ့ရန် (Zawgyi)
Tiểu thuyết Lịch sửOriginal Name: Princess Wei Yang/Concubine's daughter is Poisonous Original Author : Qin Jian Genre : Drama, Mature, Josei, Romance This is not my own work, so I give full credits to original author and eng translators...