34.လက်ခုပ်ထဲက ပုလဲလုံး

350 72 0
                                    

ကြည့်ရတာ ၂ဘက်စလုံးကလက်လျှော့မည့်ပုံမ​ပေါ်​ချေ။

လီ​ရှောင်ရန်သည် အကျပ်ရိုက်နေသောကြောင့်မျက်မှောင်ကြုတ်လိုက်မိသည်။

သခင်မကြီးသည် လီ​ဝေ့ရန်ကိုစူးစိုက်ကြည့်လိုက်ပြီး​နောက် မထိန်းချုပ်နိုင်ပဲသက်ပြင်းချလိုက်သည်။

အဆုံးမှာတော့ လီ​ရှောင်ရန်ကဖြည်းဖြည်းချင်းပြောလိုက်တယ်။

"ချန်းလဲ့ မင်းရဲ့အမေကိုအရင်ဆုံးထဖို့ ကူညီ​ပေးလိုက်"

လီဝေ့ရန်၏နှလုံးသားသည် ခဏတာအတွင်းအထီးကျန်ဆန်မှုသို့ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် လီ​ရှောင်ရန်၏ဆုံးဖြတ်ချက်ကို သူမကနားလည်လိုက်ပြီဖြစ်သည်။

လီ​ရှောင်ရန်၏မျက်လုံးများကစာနာစွာဖြင့်

"ဝေ့ရန်၊ ဒီနေ့ကိစ္စမှာ မင်းကအရမ်းမဆင်မခြင်လုပ်မိတယ်။ မင်းရဲ့ဝမ်းကွဲအစ်ကိုကိုအထင်မှားပြီးမရိုက်ခဲ့သင့်ဘူး။ သူက ​ဝေ့​ကောင်းသခင်မရဲ့ တစ်ဦးတည်းသောသား။ အဆုံး​တော့ ပိုချန်အိမ်​တော်ရဲ့မြို့စားမင်းကို ​အ​ဖေ့အ​နေနဲ့ဖြေရှင်းချက် ပေးရ​တော့မယ်”

သူ့စကားများတွင် သူသည်စက္ကူစအ​ကြောင်း​ရော လီချန်းလဲ့အ​ကြောင်း​ရော ထည့်မ​ပြောသွားပဲ လီ​ဝေ့ရန်ကသာ လူမှားပြီးရိုက်မိတယ်ဆိုတဲ့အ​ကြောင်းသာပါတယ်။ သူက တကယ်ပဲသူမအ​ပေါ်ကို အပြစ်တွေအားလုံးကိုပုံချပြီး​တော့ အဖြစ်မှန်ကို တကယ် မျက်ကွယ်ပြုချင်​နေတာ။  လီ​ဝေ့ရန် မယုံနိုင်တာက သူမရဲ့အဖေကလီချန်းလဲ့လုပ်တယ်ဆိုတာကို သူသိရက်နဲ့​တောင် သူကသူမအတွက်ဖုံးကွယ်​ပေးချင်​နေတာကိုပဲ။

သူမက ခေါင်းမော့ပြီးဖြည်းဖြည်းချင်းပင်

"​ဖေဖေ၊ ​ဝေ့ရန်ကိုဘယ်လိုမျိုးအပြစ်ပေးချင်ပါသလဲ"

ဤစကားကိုကြားသောအခါ လီချန်းလဲ့၏ မျက်နှာသည် ဟန်​တောင်မ​ဆောင်နိုင်ပဲ ပျော်ရွှင်သွားသည်။ နောက်ဆုံးတော့လည်း အဖေကသူမဘက်မှာရှိနေသေးတယ်​လေ။

လီ​ရှောင်ရန်သည် လီ​ဝေ့ရန်ကိုသနား​သောအကြည့်ဖြင့်ကြည့်​နေပြီး တစ်ခုခု​ပြော​တော့မည်ဟန်တွင် လူငယ်တစ်ဦးကသူ့ရှေ့ကို အပြေးအလွှားဝင်လာပြီး ဒူးထောက်လိုက်သည်။ အံ့သြစရာကောင်းတာက သူက ဝေ့ရန်၏ဘေးမှာ ဒူးထောက်ချလိုက်ခြင်းပင်။

လီ​ဝေ့ရန် (Zawgyi)Where stories live. Discover now