ဟိုအဖြစ်အပျက်အပြီးနောက်တွင် ပထမသခင်မသည် ဇီယန်ကိုပြန်ရောင်းစားပစ်နိုင်ဖို့အတွက် သော့ခတ်ပိတ်လှောင်ထားခဲ့သည်။ သို့သော် ဇီယန်က တိတ်တဆိတ်ထွက်ပြေးသွားပြီး လီမင်ဖန်အား တဂျီဂျီကျကာအခွင့်အရေးယူ၍ သူမအားမောင်းထုတ်မည်ဆိုလျှင် အဖြစ်အပျက်တိုင်းကို လူတွေဆီပြောပြလိုက်မည်ဟု ခြိမ်းခြောက်သည်ကိုသိရသဖြင့် အခုလိုရုန်းရင်းဆန်ခတ်ကိစ္စတွေ ဖြစ်လာရသည်ပင်။
ပထမသခင်မက မျက်မှောင်ကြုတ်လိုက်ပြီး
"ကောင်းမွန်နေတဲ့ ဂုဏ်ပြုညစာစားပွဲကောင်းတစ်ခုက ဒီကလေးကလားဆန်တဲ့ အစေခံမလေးတစ်ယောက်ကြောင့် တကယ်ပဲ ပျက်စီးစေရပြီ။ လာကြ လာကြ သူမကိုခေါ်သွားကြစမ်းပါ"
ချက်ချင်းပင် တစ်ယောက်က ဇီယန်ကို ချီရန်အလျင်အမြန်လာခဲ့သော်လည်း ပိုင်ကျီက ဇီယန်၏ဝတ်ရုံစကို တင်းကျပ်စွာဆုပ်ထားသဖြင့် ဟိုဘက်ဒီဘက်ဆွဲလိုက်သလိုဖြစ်ကာ ဇီယန်၏ အ၀တ်များကနှစ်ခြမ်းပြဲသွားသည်။ ပထမသခင်မသည် အသံနက်ကြီးဖြင့်
"သူမကို မြန်မြန် ခေါ်သွားကြစမ်း! "
ပိုင်ကျီက ရုတ်တရက်ဆိုသလို အသံကျယ်ကြီးဖြင့်
"ကြည့်ကြပါဦး"
လူတိုင်း၏အကြည့်များသည် သူမ၏စကားအတိုင်းကြည့်လိုက်မိသောအခါ ဇီယန်၏အဖြူရောင်ညှပ်ရိုးနှင့် လက်မောင်းများတွင် ခရမ်းပြာရောင်သန်းနေသော ဒဏ်ရာများနှင့်ပြည့်နေသည်ကို ကြည့်ခြင်းအားဖြင့် ဒါကအနှိပ်စက်အနိုင်ကျင့်ခံရသည့် အရိပ်အယောင်များဟုသိသွားကြသည်။
လီချန်းလဲ့သည် အမြန်တစ်ချက်ကြည့်လိုက်ပြီးရုတ်တရက်ပြန်လှည့်လိုက်သဖြင့် သူမ၏နားရှိရွှေနားကပ်ပတ္တမြားအစုံကလှုပ်ယမ်းသွားပြီး
"သူမက အရှက်မဲ့စရာတစ်ခုခု လုပ်ခဲ့တာဖြစ်ရမယ် တကယ်ကို မိန်းမပျက်ဆန်တာပဲ"
ကျောက်စိမ်းကဲ့သို့ဖြူစင်သောအသွင်အပြင်ရှိသော လေးစားစရာမိန်းကလေးတစ်အုပ်ကလည်းရှိနေသည်။
ပဉ္စမမင်းသားက ချက်ချင်းဆိုသလိုပင်
"ပထမသခင်မလေး၊ မင်းရဲ့မျက်ဝန်းတွေကို မညစ်ညမ်းရအောင် ဒီလို မတော်တရော်အရာတွေကိုကြည့်မနေသင့်ပါဘူး!"
YOU ARE READING
လီဝေ့ရန် (Zawgyi)
Historical FictionOriginal Name: Princess Wei Yang/Concubine's daughter is Poisonous Original Author : Qin Jian Genre : Drama, Mature, Josei, Romance This is not my own work, so I give full credits to original author and eng translators...