18.တစ်​ယောက်ကို တစ်​ယောက် ဖုံးဖိ

354 82 0
                                    

(Original Translator note:)

ဒီအခန်းကိုမစခင် ဇာတ်လမ်းဇာတ်ကွက်​တွေကပိုရူပ်​ထွေးလာမှာမို့ အမျိုး​​​တော်စပ်ပုံ​လေးကို ရှင်းပြသင့်တယ်ထင်လို့ပါ။ လီ​ရှောင်ရန်က ဝေ့ရန်ရဲ့အဖေဖြစ်ပြီး​တော့ ရာထူးက အမတ်ချုပ်ပါ။ လီ​ရှောင်ရန်မှာ ညီအစ်ကိုအရင်း ၂​ယောက်ရှိတယ်​ပေါ့​နော်။ (မှတ်မိသလောက်တော့ ဒီဇာတ်လမ်းရဲ့အစမှာ ပါသွားမယ်ထင်တယ်)။ အဲ့ညီအစ်ကို ၂ယောက်မှာ ဇနီးနှင့်သားသမီး​တွေရှိတယ်။ ဒုတိယအစ်ကိုက ဝန်ရှီ (ယခင်အခန်းများတွင်တွေ့ဖူးမှာပါ)နဲ့လက်ထပ်ထားတာပါ။ သူမကိုအာ့ဖန်း(ဒုတိယ အ​ဒေါ်)လို့လည်း​ခေါ်ကြတယ်။ ပြီး​တော့ ဇာတ်လမ်းအစထဲက ​သေပြီးသားဖြစ်​နေတဲ့ တတိယအစ်ကိုက ကျိုးရှီ (စန်းဖန်း=တတိယအ​ဒေါ်)နဲ့လက်ထပ်ထားပြီး သားသမီးမရှိ​တော့ လီမင်တိကို ​မွေးစားသားအဖြစ်​မွေးထားတာ။

ထို့ကြောင့် လီမင်တိက ​မွေးစားသားဖြစ်​ပေမယ့်​တော်စပ်ပုံအရ လီ​ဝေ့ရန်နဲ့ ဝမ်းကွဲ​တော်ပါတယ်။ဒီရှေးဟောင်းဝတ္ထုတွေအားလုံးက ဇာတ်ရူပ်​ထွေးတာမို့ပါ။ တော်ဝင်မိသားစု​တွေအ​ကြောင်းလည်းပါလာဦးမှာပါ။ အသက်နှင့် ပတ်သက်ရင်​တော့ ဝေ့ရန်က အခု ၁၃နစ်ရှိပြီဖြစ်ပြီး ဝေ့ရန်၏အဆိုအရဆို လီမင်တိက ၈-၁၀ (၁၀ နှစ်) ဝန်းကျင်ပါ။ဒါက သူမရဲ့ ထင်မြင်ယူဆချက်ပေါ်မူတည်တာပါ။ ပြောပြနိုင်တာက​တော့ လီမင်တိက အခုထင်သ​လောက် အား​ပျော့တဲ့ဇာတ်​ကောင်​တော့မဟုတ်ဘူး (spoiler)။ ဘာပဲဖြစ်ဖြစ်ဒီအခန်းကနေစပြီး ဇာတ်ရှိန်ကပိုပို တက်လာမှာပါ။ xD

(T/N:တခြားနားမလည်တဲ့ဇာတ်​ကောင်တို့ ဇာတ်ကွက်တို့ရှိရင်cmtမှာ​ပြော​ပေး​ပါ​။ အခုမှ ပထမဆုံးဘာသာပြန်ဖူးတာမို့ အမှားပါရင်ခွင့်လွှတ်ပါ​နော် :D)

ဤမြင်ကွင်းကိုမျက်မြင်​တွေ့လိုက်ရသည့် ပိုင်ကျီသည် သတိမလစ်ရုံတမယ်ထိတ်လန့်​နေမိသည်။

သူမကထင်သလိုမဟုတ်ဘဲ ခဏအကြာတွင် လီ​ဝေ့ရန်သည် ​ရေကန်ထဲမှပြန်ပေါ်လာပြီး လီမင်တိကိုရေထဲမှ ဆွဲ​တင်လိုက်သည်။ လီမင်တိသည်ငယ်ရွယ်သေးသော်လည်း သူသည်ယောကျာ်းလေးတစ်ယောက်ဖြစ်၍ ဝေ့ရန်ကသူ့ကိုဆွဲတင်ရန်ခက်​နေသည်။ သူမသာ နည်းနည်း​လောက် ပိုမဆုပ်ကိုင်မိလျှင် မင်တိကိုရေထဲသို့ပြန်ကျသွား​စေလိမ့်မည်။ ပိုင်ကျီသည် ကူညီရန်အတွက် အမြန်ပြေးထွက်လာသည်။ နှစ်ယောက်လုံးအတူတူသူ့ကို ​ရေကန်စပ်ပေါ်သို့ဆွဲခေါ်လာကြသည်။

လီ​ဝေ့ရန် (Zawgyi)Where stories live. Discover now