လီဝေ့ရန်က ဦးညွှတ်လိုက်ပြီး
“အရှင်မင်းကြီးရဲ့ဝန်ထုပ်ဝန်ပိုးတွေကိုခွဲဝေနိုင်ဖို့အတွက် အဖေက အခြေအနေတွေကို နားလည်ရန်အထူးသူလျှိုတစ်ဦးကို ဘေးသင့်ဒေသတွေဆီစေလွှတ်ခဲ့ပါတယ်။ သူရဲ့ပြောစကားအရ အရာရှိတွေက အထောက်တော်တွေ ရောက်လာမယ်ဆိုတာကို ကြားလိုက်တာနဲ့ ချက်ချင်းပဲ မီးဖိုကြီးကို ညတွင်းချင်း တည်ဆောက်လိုက်ပါတယ်တဲ့။ နောက်တော့ "နိုင်ငံပိုင် ရိက္ခါ"ဆိုသော စာလုံးလေးလုံးကိုရေးဆွဲပြီး အဝါရောင်ဆိုင်းဘုတ်ကို ဝါးလုံးနဲ့ အမြင့်မှာချိတ်ဆွဲစေကာ ဒုက္ခသည်များကို စုဝေးစေဖို့ စောင့်ဆိုင်းခဲ့ကြပါတယ်။ အထောက်တော်တွေရောက်လာချိန်မှာတော့ သူတို့က ခေါင်းလောင်းသံပေးပြီး ယာဂုတွေကို စတင်ပေးဝေခဲ့ပါတယ်။ အထောက်တော်များပြန်သွားချိန်မှာတော့ သူတို့က မီးဖိုကို ချက်ချင်းပဲသိမ်းဆည်းလိုက်ပြီး ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကိုလည်း အပြီးသတ်လိုက်ပါတယ်။ အရှင်မင်းကြီး၊ အရာရှိများက သူတို့ရဲ့အိတ်တွေထဲကို လက်ယက်ထည့်ရုံတင်မကပဲ ပိုဆိုးတာကတော့ သူတို့က ရိက္ခါအရေအတွက် များပြားသယောင်ဖြစ်အောင် ထုံးရွှံ့တွေကို အသီးအနှံများနဲ့ရောနှောစေတဲ့အပြင် နောက်ဆုံးသစ်ခေါက်တွေကိုတောင် အိုးထဲထည့်စေခဲ့ပါတယ်။ ဒုက္ခသည်များက ထိုကဲ့သို့သော ယာဂုကို ဘယ်လိုမှ မသောက်နိုင်ပဲ အစာရေစာငတ်မွတ်ပြီး သေကြေရပါတယ်။ ဤကဲ့သို့ ဖြေရှင်းချက်များကြောင့် ဘယ်လိုလုပ် အဓိကရုဏ်းများ မဖြစ်ပဲနေနိုင်ပါ့မလဲ"
ဧကရာဇ်က နားထောင်ပြီးနောက် အံ့သြမှင်တက်မိနေသည်။ သူစိတ်ကူးကြည့်လို့တောင်မရသည့်အရာများက အမှန်တကယ်ဖြစ်ပျက်ခဲ့သည်ဟု သူက မယုံကြည်နိုင်ဖြစ်နေရသည်။ သူသည် လီဝေ့ရန်လျှောက်တင်သည့် အရာရှိများ၏အကျင့်ပျက်ခြစားမှုကို မယုံနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ပင် ကင်းလှည့်အထောက်တော် အဖွဲ့၃ဖွဲ့ကို စေလွှတ်ထားပြီး အဓိကရုဏ်း၏အကြောင်းရင်းကို မဖော်ထုတ်နိုင်သေးသောကြောင့်ဖြစ်သည်။ ဆိုပေမယ့် ဒီမိန်းကလေးသည် ဒီကိစ္စနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းနှင့် ယုတ္တိရှိစွာပြောနေသည်။ အကယ်၍များ ဒီမိန်းကလေးသည် ပေါ့ပေါ့တန်တန်ပြောဆိုနေသည်ဟု သူ့ကိုယ်သူတွေးတောထင်မြင်မိသော်လည်း ဒါကမဖြစ်နိုင်ပေ။
YOU ARE READING
လီဝေ့ရန် (Zawgyi)
Tiểu thuyết Lịch sửOriginal Name: Princess Wei Yang/Concubine's daughter is Poisonous Original Author : Qin Jian Genre : Drama, Mature, Josei, Romance This is not my own work, so I give full credits to original author and eng translators...