94.နဂါး​ပေါ်တက်၍ ဇာမဏီအ​နောက်လိုက်

376 72 6
                                    

(ခေါင်းစဉ်ဖြစ်​သော"နဂါးပေါ်တက်"သည် တစ်နေ့တွင် ဧကရာဇ်ဖြစ်လာမည့် မင်းသားအားလက်ထပ်လိုသည်ကိုရည်ညွှန်းပြီး "ဇာမဏီအနောက်ကိုလိုက်" သည် ဧကရီဖြစ်လာခြင်းကိုရည်ညွှန်းသည်။

လီချန်းလဲ့သည် အခန်းထဲတွင်သော့ပိတ်ခံထားရပြီး သူမအားဘယ်သူကိုမှ သွားတွေ့ခွင့်မပေးပေ။ ဈာပနအခမ်းအနားပြီးသွားမှသာ သူမကို ပြန်လွှတ်ပေးလိုက်သည်။

ဒီကိစ္စကြီးကပြီးသွားပြီလို့ သူမကထင်ခဲ့ပေမဲ့ ညသန်းခေါင်ကြီးမှာ သူမကို ဟယ်ရှင်းယွမ်အ​ဆောင်ခြံဝင်းဆီခေါ်သွားခံလိုက်ရသည်။

အထိန်း​တော်လျိုက သခင်မကြီးရဲ့ နံဘေးမှာရပ်နေတယ်။ သူမအပြင်၊ လီချန်းလဲ့တစ်ခါမှ မမြင်ဖူးသေးတဲ့ အခြားအထိန်း​​တော် ၄ယောက်က တိတ်ဆိတ်တည်တံ့စွာရပ်နေကြသည်။

သခင်မကြီးသည် လီချန်းလဲ့ကိုကြည့်လိုက်သည်။ သူမ၏မျက်လုံးများတွင် နွေးထွေးမှုမရှိတော့ဘဲ လီချန်းလဲ့ကို ထိတ်လန့်စေသည့် ရှုတ်ချမှုအရိပ်အမြွက်သာရှိသည်။

ခန်းမ​ဆောင်ကြီးသည် မှောင်မိုက်​နေပြီးမှိတ်တုတ်မှိတ်တုတ် မီးအိမ်တစ်လုံးတည်းသာ မထင်မရှားရှိ​နေသည်။ လီချန်းလဲ့က ဘာမှမပြောနိုင်ခင်မှာ အထိန်း​တော်၎ယောက်က သူမကို အေးစက်တဲ့မြေပြင်ပေါ်မှာ ဒူးထောက်ခိုင်းလိုက်တယ်။

သခင်မကြီး၏မျက်နှာသည် အမြဲတမ်းကြင်နာတတ်သည့်ပုံရိပ်ဖြစ်​လေရာ တစ်ခါမှ ဤမျှဆိုးရွားပုံမပေါ်ပေ။

"ချန်းလဲ့၊ ညည်းက ယောက်ျားတစ်ယောက်နဲ့ မ​တော်​​​လျော် ဆက်ဆံဝံ့တယ်ပေါ့​လေ"

လီချန်းလဲ့၏မျက်နှာမှာ အရောင်ဖျော့သွားပြီး

"ဘွားဘွား၊ လီဝေ့ရန်ရဲ့စွပ်စွဲချက်တွေကို နားမ​ယောင်ပါနဲ့။ အဘွားရဲ့ဒီမြေးက မိသားစုကို အရှက်ရစေမယ့်အရာကို ဘယ်တော့မှမလုပ်ဝံ့ပါဘူး"

"ဆက်ပြောစရာ မလိုဘူး" 

သခင်မကြီး၏မျက်နှာသည် တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာသော်လည်း သူမ၏မျက်လုံးများက လူသတ်ရန်ကြံရွယ်ထားဆဲဖြစ်သည်။

လီ​ဝေ့ရန် (Zawgyi)Where stories live. Discover now