10.အစ်မကြီး လီချန်းလဲ့

400 83 0
                                    

သွယ်လျပြီးကြော့ရှင်းသော အလှတရား၏ပုံရိပ်သည် တဖြည်းဖြည်းသဲကွဲလာသည်။ သူမသည် ရှည်လျားသောမျက်​တောင်နှင့် နူးညံ့​သောမျက်ဝန်းတစ်စုံရှိပြီးအစိမ်း​ဖျော့​ရောင်ဝတ်စုံနှင့်ကြွေပန်းပွင့်များပုံ​ဖော်ခြယ်လှယ်ထား​သော စကတ်ကိုဝတ်ဆင်ထားပုံမှာ နေ့လည်ခင်း နေရောင်ခြည်​အောက်တွင် တလက်လက်​တောက်ပ​နေသည်။ သူမ၏ခါးတွင်အလင်း​ဖောက်နိုင်​သောခါးစည်းကို ချည်နှောင်ထားပုံမှာ သူမ၏သေးသွယ်​သောခန္ဓါကိုယ်ကို ပိုမို​ပေါ်လွင်​စေပြီး လေမှာယိမ်းနေသည့် ကိန္နရီအသွင်ပင်။ သူမ၏ဆံပင်ပုံစံသည်ရိုးရှင်းပြီး​​ မက်မွန်သီးပုံစံပုလဲနှင့်ရွှေ​ရောင်ဆံထိုးကိုသာအလှဆင်ထားသည်။ နိမ့်ဆင်းသွား​သောပုလဲသည် သူမ၏နူးညံ့ပြီးဆွဲဆောင်မှုရှိသောအသွင်အပြင်များပေါ်လွင်စေရန် ကူညီပေးသကဲ့သို့ သူမကိုသဘာဝအတိုင်းနုပျိုပြီးကြော့ရှင်းစေသည်။

အပြာရောင်မိုးကောင်းကင်အောက်မှာ သူမကအပြုံးလေးနဲ့ ဖြည်းဖြည်းချင်းရှေ့ဆက်လျှောက်လာတယ်။ ဒါကလူတိုင်းစိတ်ထဲမှာ အားနွေဦးတွင် ပန်းတစ်ထောင်ပွင့်သကဲ့သို့ ဆောင်းဦးလယ်၌ပေါ်​သောလမင်းတစ်စင်းကို မြင်ရသလိုလိုပင်။ ကြိုးကြာများပျံဝဲနေစဉ် ပတ်ဝန်းကျင်မှ နူးညံ့​သောတေးဂီတထွက်​ပေါ်လာပြီး လူတိုင်း၏စိတ်ဝိညာဉ်​မျောပါလိုက်ရသလိုလို ခံစားမှုကိုရ​စေသည်။

ဒါက​တော့ပထမသခင်မ​လေးဖြစ်တဲ့ လီချန်းလဲ့ရဲ့ဆွဲဆောင်မှု​ပေါ့​လေ။ ဘယ်သူကမှ အဲဒီကနေမလွတ်မြောက်နိုင်မှာမဟုတ်ဘူး။

လီ​ဝေ့ရန်က သူမကိုစိုက်ကြည့်နေမိသည်။  သူမ၏အကြည့်တွင် သိမ်​မွေ့​သောဝမ်းနည်းခြင်း၏အရိပ်အယောင်ရှိနေသည်။ သူမက ချန်းလဲ့ကိုရှုံးခဲ့ရတာမဆန်းပါဘူး။ ဒီလို အလှ​လေးနဲ့၊ သာယာနာပျော်ဖွယ်အသံ၊ သူမကို မြင်သူ​ယောကျာ်းတိုင်းကနူးညံ့လာမှာပဲ။

လီ​ဝေ့ရန်သည် သမားရိုးကျအမျိုးသမီးတစ်ဦး ဖြစ်ခဲ့သည်။ သူမသာတစ်ယောက်ယောက်ကိုချစ်မိသွားပြီဆိုရင် သူမ၏ပိုင်ဆိုင်သမျှအရာအားလုံးပုံ​​အောပြီးကို ချစ်မိတာ။ ​ထော့ပါကျန်းနဲ့၈နှစ်တာအကြင်လင်မယားဖြစ်ခဲ့ချိန်မှာ သူမစိတ်​ရောကိုယ်ပါပုံအပ်​ပေးခဲ့တာ။ တစ်​လောကလုံးကလူတိုင်းသည်သူ့ကိုဆန့်ကျင်​နေပါ​စေ၊ သူမကသူ့အားကာကွယ်ရန်၊ သူမ၏ကိုယ်ပိုင်အသက်ကိုလျစ်လျူရှုသည့်အထိ ချစ်​နေခဲ့တာ။

လီ​ဝေ့ရန် (Zawgyi)Where stories live. Discover now